ရခိုင်တွင် ရေချိုပုစွန်သားဖောက်စခန်းတစ်ခုကို ပထမဆုံးအကြိမ် စမ်းသပ်လုပ်ဆောင်ရန်စီစဉ်နေဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူပြော

ရခိုင်တွင် ရေချိုပုစွန်သားဖောက်စခန်းတစ်ခုကို ပထမဆုံးအကြိမ် စမ်းသပ်လုပ်ဆောင်ရန်စီစဉ်နေဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူပြော
Photo Crd - Greenwaymyanmar
Photo Crd - Greenwaymyanmar

ရခိုင်ပြည်နယ်တွင် ရေချိုပုဇွန်သားဖောက်စခန်းတစ်ခုကို ပထမဆုံးအကြိမ် စမ်းသပ်လုပ်ဆောင်ရန်စီစဉ်နေကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးက DMG သို့ ပြောသည်။

အဆိုပါ ပုဇွန်သားဖောက်စခန်းကို ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်း စသည့်မြို့နယ်များထဲမှ တစ်ခုတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ရခိုင်မှာ ရေချိုပုဇွန််သားဖောက်စခန်း တစ်ခုမှမရှိသေးဘူး။ အခုမှ ပထမဆုံးအကြိမ် စမ်းသပ်လုပ်ဆောင်မှာဖြစ်တယ်။ အခုက စီစဉ်နေတုန်းပေါ့နော်။ ရေချိုပုဇွန်ဆိုတာ ရေချိုရေငန်စပ်မှာနေပါတယ်။ ဒါကြောင့် ရေချိုရေငန်စပ်ရှိတဲ့ မြို့နယ်တွေမှာပဲ လုပ်လို့ရမယ်” ဟု ၎င်းကပြောသည်။

လုပ်ငန်းအောင်မြင်ခဲ့လျှင် ရရှိလာမည့်ရေချိုပုဇွန်များကို ပြည်တွင်းအပြင် ပြည်မဘက်သို့လည်းတင်ပို့သွားမည်ဟု ဦးသက်ဦးက ဆက်ပြောသည်။

“တင်ပို့ဖို့ကတော့ ပြည်ပဘက်ကို သိပ်မသေချာသေးဘူး။ ဒါပေမဲ့ ပြည်မဘက်ကတော့ တင်ပို့ဖို့သေချာပါတယ်။ အဲဒါကို အခုက အကောင်အထည်ဖော်လုပ်ဆောင်နေပါပြီ” ဟု ၄င်းကပြောသည်။

ရေချိုပုစွန်သားဖောက်စခန်းအတွက် ပြည်နယ်ဘတ်ဂျက်မှ ဘဏ္ဍာငွေကျပ်သိန်းငါးထောင်အထက် ကုန်ကျခံကာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရေချိုပုဇွန်သားဖောက်စခန်းမှာ ယခုပထမဆုံးအကြိမ်ဖြစ်သော်လည်း ရေငန်ပုဇွန်သားဖောက်စခန်းမှာ ၃ ခုရှိကြောင်း သိရသည်။

အဆိုပါ ရေငယ်ပုဇွန်သားဖောက်စခန်း ၃ ခုမှာ ကျောက်ဖြူမြို့နယ်တွင် စေတီယျစခန်း၊ ပေါက်တောမြို့နယ်တွင် စိုးမဲကျီစခန်းနှင့် စစ်တွေမြို့နယ်၌ ရေချမ်းပြင်စခန်းတို့ဖြစ်ကြောင်း သိရသည်။

APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...