ဟင်္သာတတွင် ဗုံး ၃ လုံးပေါက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရ

ဟင်္သာတတွင် ဗုံး ၃ လုံးပေါက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ယမန်နေ့ အောက်တိုဘာ ၄ ရက်၊ ည ၇ နာရီ မိနစ် ၃၀ က ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပထမဗုံးတစ်လုံးပေါက်ကွဲအပြီး စစ်ကောင်စီတပ်သားများ ရောက်ရှိလာချိန်တွင် ဒုတိယနှင့် တတိယဗုံးနှစ်လုံးမှာ ထပ်မံ၍ ဆက်တိုက်ပေါက်ကွဲခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစုနှင့် ဟင်္သာတမြို့နယ် STF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံက သိရသည်။

"၇ နာရီခွဲလောက်မှာ တစ်လုံးအရင်ပေါက်တယ်။ စစ်ခွေးတွေရောက်လာတဲ့အချိန်မှာ နောက်ထပ်နှစ်လုံး ထပ်ပေါက်တယ်။ စစ်ခွေးသုံးယောက်နဲ့ အထက် ဒဏ်ရာရခဲ့ပါတယ်" ဟု မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်အပြီးတွင် စစ်အုပ်စုက မြို့တွင်းသို့ လှည့်ကင်းကားအများအပြားအသုံးပြုကာ စစ်ဆေးမှုများ လုပ်ဆောင်နေသည်။

ပေါက်ကွဲမှုအတွက် မတရားဖမ်းဆီးမှုများ ပြုလုပ်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

 
 

 

 

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...