သာကေတတွင် 'ဒလန်' ကျောင်းစောင့် ပစ်သတ်ခံရ၍ ဖမ်းဆီးစစ်ဆေးမှုများလုပ်

သာကေတတွင် 'ဒလန်' ကျောင်းစောင့် ပစ်သတ်ခံရ၍ ဖမ်းဆီးစစ်ဆေးမှုများလုပ်

သာကေတမြို့နယ် ၄/မြောက်ရပ်ကွက်တွင် ဒလန်ဟုသတ်မှတ်ခံထားရသော ကျောင်းစောင့် ဦးတင်ငြိမ်းမှာ အောက်တိုဘာ ၃ ရက်နေ့ညက သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခံရ၍သေဆုံးခဲ့သည်။

အသက် ၅၀ ကျော်အရွယ် ဦးတင်ငြိမ်းကို ရပ်ကွက်ရှိ ကန်ကြီးနားတွင် ည ၇နာရီ ၁၅မိနစ်ခန့်က ပစ်သတ်သွားခြင်းဖြစ်ပြီး "သူ့ကို ဒလန်ဆိုပြီး လူပြောများတာပေါ့။ ရင်ဘက်တစ်ချက်ထိတယ် ခေါင်းတစ်ချက်ထိပြီး သေသွားတယ်။ အဲ့ကိစ္စကြောင့် စစ်ကောင်စီတပ်တွေက ည ၁၀ နာရီကျော်ကျော်လောက်မှာ လာပြီးတော့ ကန်နားမှာရှိတဲ့ သ/မ အိမ်ခန်းတွဲတွေက ယောက်ျားတွေအကုန်လုံးကို ဖမ်းခေါ်သွားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

၄/မြောက်ရပ်ကွက်တွင် ၁၈ ဦးအဖမ်းခံရပြီး ၄/တောင်ရပ်ကွက်တွင်လည်း ၁၀ ဦးကျော် ဖမ်းခံရကာ နှစ်ရပ်ကွက်ပေါင်း အနည်းဆုံး ၃၀ ဦးခန့် ဖမ်းဆီးခံရသည်။

၎င်းတို့ကို ရပ်ကွက်ရုံး၌ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် တစ်ချို့တစ်ဝက်ကို ခံဝန်လက်မှတ်ထိုး၍ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ယမန်နေ့ညကလည်း သာကေတ မြင်တော်သာလမ်း ဂိတ်ဟောင်းရှိ ပျိုးဥယဉ်နားတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး အဆိုပါပေါက်ကွဲမှုကို Burma Final Revolution Armed Forces က ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 
 

 

 

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...