ရွှေဖီမြေသတင်းဌာန၏ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်း ဖမ်းဆီးခံရ

ရွှေဖီမြေသတင်းဌာန၏ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်း ဖမ်းဆီးခံရ

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော ရွှေဖီမြေ သတင်းအေဂျင်စီ၏ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင်ကို လားရှိုးမြို့ အမှတ် (၁) ရဲစခန်းမှာထားရှိပြီး အမှတ် (၂) ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားသည်။

အသက် ၂၀ နှစ်အရွယ် လွေးအမ်ဖောင်ကို စက်တင်ဘာ ၂၆ ရက်အကူး ၀၀း၃၀ နာရီက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၁)၊ နယ်မြေ (၃) ထဲမှာ စစ်ကောင်စီတပ်ဖွဲ့က ခြံစည်းရိုးကျော်ဝင်ကာ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အင်အား ၃၀ ခန့်ရှိ စစ်ကားနှစ်စီး၊ ရဲကားနှစ်စီး၊ အိမ်စီးကားတစ်စီးနှင့် အိမ်ဘေးပတ်လည်ကို ဝိုင်းရံထားပြီး နေအိမ်ထဲရှိ လူတွေအားလုံး၏ ဖုန်းကိုစစ်ဆေးပြီးနောက် မနက် ၂ နာရီခန့်မှာ လွေးအမ်ဖောင်ကို ခေါ်ဆောင်သွားသည်။

အရပ်ဝတ်၊ ရဲဝတ်စုံနဲ့ ငါးဦးခန့်သာပါဝင်ပြီး စစ်ဝတ်စုံဝတ်သူ ၂၀ ကျော်ပါဝင်ကာ အနည်းဆုံး ကားငါးစီးခန့်ဖြစ်နိုင်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က နေအိမ်အပြင်ရှိ ကွင်းပြင်မှာ ဖျာခင်းထိုင်ခိုင်းပြီး တစ်ဦးချင်းကို စစ်ဆေးမေးမြန်းနေစဉ် နေအိမ်အပေါ်ထပ်မှာလည်း ရှာဖွေ မွှေနှောက်မှုများ လုပ်ဆောင်ခဲ့သည်။

စက်တင်ဘာ ၂၆ ရက်မှသည် ၃၀ ရက်အထိ စစ်ကြောရေးမှာနေခဲ့ရပြီး အောက်တိုဘာ ၁ ရက်တွင် အမှတ် (၁) ရဲစခန်းဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

လွေးအမ်ဖောင်သည် မိုင်းရယ်မြို့နယ် ကြူဝင်းနှင့် ဟန်လျှောရွာများအတွက် လိုအပ်သော စားနပ်ရိက္ခာ၊ ကျန်းမာရေးကြည့်ရှုစစ်ဆေးမှု သွားရောက်ကူညီလုပ်ဆောင်ပေးမည့်အဖွဲ့များနှင့် လိုက်သွားပြီး မှတ်တမ်းရယူဖို့ စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

ရွှေဖီမြေ သတင်းအေဂျင်စီအနေဖြင့် လွေးအမ်ဖောင်ကို ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်မှစတင်ကာ သတင်းလုပ်ငန်းတာဝန်မှ ရပ်စဲခဲ့ခြင်းဖြစ်ပြီး ကြားကာလတွင် လုပ်ငန်းအချို့ကို ၎င်းအနေဖြင့် စေတနာ့ဝန်ထမ်းအဖြစ်သာ လုပ်ဆောင်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...