အခြေခံပညာကျောင်းများ ပြန်ဖွင့်နိုင်ရန် ပြင်ဆင်ထား

အခြေခံပညာကျောင်းများ ပြန်ဖွင့်နိုင်ရန် ပြင်ဆင်ထား

အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်ဖွင့်နိုင်ရန် ပြင်ဆင်ထားကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

မွန်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်ပြီး ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ညွှန်ကြားချက်ရပါက ကျောင်းပြန်ဖွင့်နိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဆရာကြီး ဦးစန်းအောင်က ပြောသည်။

"ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီက အရေးပေါ်ကူးစက်မှုကို နိုင်နင်းနိုင်တဲ့ အခြေအနေလိုမျိုး သူတို့စီစစ်ပြီးမှ သူတို့ရဲ့ညွှန်ကြားချက်အတိုင်း ဆက်ပြီးဆောင်ရွက်ရမှာ" ဟု ဆရာကြီး ဦးစန်းအောင်က ဆိုသည်။

စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန် ကျောင်းသန့်ရှင်းရေး၊ အဆောက်အဦးပြင်ဆင်မှု၊ ကျောင်းအိမ်သာ၊ လက်ဆေးဘေစင်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းစဥ်များကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

"ကိုဗစ်-၁၉ ရဲ့ခြိမ်းခြောက်မှုကလည်း အထိုက်အလျောက် ရှိနေသေးတယ်။ မနိုင်နင်းသေးဘူးပေါ့နော်။ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လည်း ပညာသင်ယူရမယ့်အချိန်မှာ ကျောင်းတွေက မဖွင့်နိုင်တော့ ကျောင်းသားတွေမှာ သင်ယူလိုစိတ်တွေ ပျောက်သွားမှာကို ဆရာ၊ ဆရာမတွေဘက်ကလည်း စိုးရိမ်နေပါတယ်" ဟု ဆရာကြီး ဦးစန်းအောင်က ဆိုသည်။

အောက်တိုဘာလ ကျောင်းပိတ်ရက်ရှည် ကာလအလွန်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း စက်တင်ဘာ ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ အစည်းအဝေးမှ သိရသည်။

အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် အာဏာပိုင်များ စီစဥ်လျက်ရှိသည်။

 
 

 

 

May 15, 2026
မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေသည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ်...
May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...