ရှမ်းနီအဆိုတော် စိုင်းဝေယံအောင်ကို စစ်ကောင်စီတပ်များ ဖမ်းဆီး

ရှမ်းနီအဆိုတော် စိုင်းဝေယံအောင်ကို စစ်ကောင်စီတပ်များ ဖမ်းဆီး

ရှမ်းနီအဆိုတော် စိုင်းဝေယံအောင်ကို စစ်ကောင်စီတပ်များက အောက်တိုဘာလ ၁ ရက်နေ့က ဖမ်းဆီးသွားကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက်များထံမှသိရသည်။

“ဖမ်းဆီးသွားတာတော့ သေချာတယ်။ ဘာကိစ္စနဲ့ဖမ်းသွားတာလည်းတော့ သေချာမပြောတတ်ဘူး၊ ရွာမှာလို့ပြောတယ် ဖမ်းခံရတာက” ဟု ၎င်း၏ သူငယ်ချင်းတစ်ဦးက ဆိုသည်။

ဟုမ္မလင်းဒေသတွင်း လူမှုကွန်ရက်စာမျက်နှာများတွင် ၎င်းနှင့်အတူ ကိုဖြိုးသက်တင်၊ ကိုစွမ်းထက်တို့ကို နေအိမ်တွင် စစ်ကောင်စီတပ်များက စီးနင်းဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားကြသည်။

စိုင်းဝေယံအောင်သည် စက်တင်ဘာလ (၁) ရက်နေ့က စစ်ကောင်စီက ခန့်အပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးကိုလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ဖူးသည်။

“ရှမ်းနီမြေမှာ ရှမ်းနီနိုင်ရမည်” သီချင်းဖြင့် စိုင်းဝေယံအောင်ကို လူသိများခဲ့သည်။

ယခုရက်ပိုင်းတွင်လည်း ရှမ်းနီတေးသီချင်းများသီဆိုရန် ရှမ်းနီအမျိုးသမီးများကို ဖိတ်ခေါ်ထားသည့်စာကို ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားခဲ့သည်။

ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ သံဃာတော်များအပါအဝင် (၁၂) ဦးထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...