သံချပ်ကာကားများပါဝင်သည့် စစ်‌ကောင်စီတပ်ကို ပုလဲ-PDF မိုင်းခွဲတိုက်ခိုက်ရာ စကစတပ်သား ၂၅ ဦးထက်မနည်း သေဆုံး

သံချပ်ကာကားများပါဝင်သည့် စစ်‌ကောင်စီတပ်ကို ပုလဲ-PDF မိုင်းခွဲတိုက်ခိုက်ရာ စကစတပ်သား ၂၅ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (Pale- PDF) က ယနေ့ သတင်းထုတ်ပြန်သည်။

နံနက် ၈ နာရီအချိန်တွင် ပုလဲမြို့နှင့် ၁၃ မိုင်ခန့်အကွာရှိ ဝန်းပြင်ရွာအနီးတွင် မုံရွာဘက်မှ ပုလဲဘက်သို့ ချီတက်လာသည့် သံချပ်ကားနှစ်စီးပါယာဉ်တန်းကို ပုလဲ-PDF တပ်ရင်း (၁) မှ နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"သတင်းကြိုရလို့ ကျွန်တော်တို့် မိုင်း ၁၆ လုံးတန်းကို ကြိုထောင်ထားခဲ့တာ၊ ကားတွေရော၊ ဆိုင်ကယ်တွေရော အများကြီးလာကြတာ။ သူတို့ရောက်လာတဲ့အချိန်မှာ ခွဲချလိုက်တယ်။ အဲ့ဒီမှာ စစ်ခွေးတွေ တော်တော်များများကျသွားတယ်။ ကျွန်တော်တို့နောက်ကို လိုက်ပစ်တဲ့အဖွဲ့ကိုလည်း နေရာကောင်းကနေ ပြန်ပစ်တာ တော်တော်ကျသွားတယ်။ လက်နက်ရလို့ရငြား ပြန်ရှာတာ သူတို့အကုန်ပြန်သယ်သွားတယ်။ သွေးကွက်တွေပဲ ကျန်နေခဲ့တယ်" ဟု ပုလဲမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်နဂါးက ပြောသည်။

မိုင်းကွဲပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် PDF များကို လိုက်လံပစ်ခတ်ရာ ခုခံတိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဝန်းပြင်ရွာအတွင်း ရမ်းကားပစ်ခတ်မှုများလုပ်သွားကြသည်ဟု ဆိုသည်။

"ကျွန်တော်တို့ကြောင့် ရွာကို မဆိုင်ဘဲဝင်မွှေတယ်။ ရွာကလူတွေကိုလည်း တောင်းပန်ပါတယ်။ ပြည်သူလူထုရဲ့ လွတ်မြောက်ရေးအတွက် လုပ်နေတာဖြစ်တဲ့အတွက် အထိအခိုက်တွေရှိတာကို နားလည်ပေးဖို့ ပြောချင်ပါတယ်" ဟု ဗိုလ်နဂါးကပြောသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...