ဒလန်အမည်ထွက်သူ ပစ်သတ်ခံရပြီးနောက် လူငယ်အဆောင်ကို စစ်ကောင်စီဝင်စီးကာ အဆောင်ပိုင်ရှင်ကို ဖမ်းဆီး

ဒလန်အမည်ထွက်သူ ပစ်သတ်ခံရပြီးနောက် လူငယ်အဆောင်ကို စစ်ကောင်စီဝင်စီးကာ အဆောင်ပိုင်ရှင်ကို ဖမ်းဆီး

ရန်ကုန်တိုင်း၊ လှည်းကူးမြို့တွင် ဒလန်အမည်ထွက်သူ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် လှည်းကူးမြို့ ပိုက်ကြီးဝဲကျေးရွာမှ နှင်းသဇင်အဆောင်အား ယမန်နေ့ စက်တင်ဘာလ ၃၀ ရက် ညနေ ၅ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် စစ်ကားသုံးစီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက် စီးနင်းရှာဖွေကာ အဆောင်ပိုင်ရှင်ကို ဖမ်းဆီးထားကြောင်း ဒေသခံများကပြောသည်။

လှည်းကူးမြို့ တပင်ရွှေထီးလမ်းနေ စစ်ကောင်စီ သတင်းပေးဟုအမည်ထွက်နေသူ ဦးကျော်မိုးသူမှာ ယမန်နေ့ ညနေပိုင်း ၄ နာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီးနောက် တစ်နာရီဝန်းကျင်အကြာတွင် နှင်းသဇင်အဆောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး လက်လုပ်မိုင်း တွေ့ရှိသည်ဟုဆိုကာ အဆောင်ပိုင်ရှင် ဦးကျော်လွင်နှင့် အဆောင်မှူး မခိုင်တို့အား ဖမ်းဆီးသွားခြင်းဖြစ်သည်။

အဆောင်မှူးမခိုင်ကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီး ညတွင်းချင်း ပြန်လွှတ်ပေးလိုက်ကာ အဆောင်ပိုင်ရှင် ဦးကျော်လွင်ကိုမူ ၎င်းတွင် တာဝန်ရှိသည်ဟုဆိုကာ ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

ဦးကျော်မိုးသူအား ပစ်ခတ်ခဲ့သောသူကို ၎င်း၏ ဓာတ်ပုံဖြင့် တိုက်ဆိုင်စစ်ဆေးရှာဖွေနေပြီး မြို့ပေါ် ရပ်ကွက် လမ်းထိပ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကင်းစောင့်နေကြောင်း ဒေသခံများကပြောသည်။

 

 
 

 

 

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...