မွန်တွင် Stay at Home မသတ်မှတ်ထားသည့် စည်ပင်ဈေးများကို ပြန်ဖွင့်ခွင့်ပြုလိုက်ပြီ

မွန်တွင် Stay at Home မသတ်မှတ်ထားသည့် စည်ပင်ဈေးများကို ပြန်ဖွင့်ခွင့်ပြုလိုက်ပြီ
အောက်တိုဘာလ (၁) ရက် နံနက်ပိုင်းက မုဒုံမြို့ ရွှေဟင်္သာဈေး ဖွင့်လှစ်ထားသည်ကို တွေ့ရစဉ် (Photo - မုဒုံအမွှာညီနောင်)
အောက်တိုဘာလ (၁) ရက် နံနက်ပိုင်းက မုဒုံမြို့ ရွှေဟင်္သာဈေး ဖွင့်လှစ်ထားသည်ကို တွေ့ရစဉ် (Photo - မုဒုံအမွှာညီနောင်)

မွန်ပြည်နယ်အတွင်း Stay at Home သတ်မှတ်ထားခြင်းမရှိသည့် မြိုနယ် စည်ပင်သာယာဈေးများကို ယနေ့ (အောက်တိုဘာ ၁ ရက်‌) မှစတင်ကာ ပြန်လည်ဖွင့်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောသည်။

မွန်ပြည်နယ်တွင် မော်လမြိုင်၊ သံဖြူဇရပ်၊ သထုံ၊ ဘီးလင်း၊ ပေါင်နှင့် ချောင်းဆုံမြိုနယ်တို့ကို Stay at Home အဖြစ် သတ်မှတ်ထားကြောင်း၊ သို့ရာတွင် Stay at Home မသတ်မှတ်ထားသည့် မြိုနယ်စည်ပင်သာယာဈေးများကိုသာ ဖြေလျော့ပေးနိုင်ရန် အထက်သို့ တင်ပြထားပြီး ပြန်ဖွင့်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ မွန်ပြည်နယ်ထဲမှာ Stay at Home မသတ်မှတ်ထားတဲ့ မြိုနယ်တွေပေါ့။ အခုပထမအဆင့်အနေနဲ့ ကျိုက်ထိုကို စပေးလိုက်ပြီ။ မွန်ပြည်နယ်ထဲမှာ Stay at Home က ၆ မြိုနယ်သွားပါနေတော့အဲဒီဟာကို ၆ မြို့နယ်က သထုံနဲ့ ပေါင်တင်တာရှိတယ် ဈေးဖွင့်ခွင့်တောင်းတာ။ အဲဒါတွေကိုတော့ လောလောဆယ် မပေးသေးဘူး" ဟု ဦးတင်ကိုကိုက ပြောသည်။

Stay at Home မြိုနယ်အဖြစ်က ပယ်ဖျက်ပြီးမှသာ ဖြေလျော့ပေးနိုင်မည့် အခြေအနေဖြစ်သောကြောင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်း၊ ပြန်ဖွင့်ခွင့်ပြုခဲ့သော ဈေးများတွင်လည်း ရောင်းသူ၊ ဝယ်သူများသည် ကျန်းမာရေးဌာနက သတ်မှတ်ထားသော ကိုဗစ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာရမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ယင်းသို့ ဈေးပြန်ဖွင့်ခွင့်ပေးသည့်အတွက် ဆိုင်ခန်းများ ပြန်ဖွင့်လှစ်ရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်း မုဒုံမြို့မ ရွှေဟင်္သာ ဈေးမှ ဆိုင်ရှင်တစ်ဦးက ပြောသည်။

"ဈေးပြန်ဖွင့်ပေးမယ်လို့ကြားတယ်။ ဒီနေ့လို့တော့ မသိဘူး။ ဒီမနက်ကျမှ ဈေးရှေ့မှာ ဆိုင်းဘုတ်ကြီးထောင်ပြီး ရေးထားလို့တွေ့တာ။ အရမ်းဝမ်းသာတယ်ပေါ့နော်။ အလုပ်တွေပြန်ရ စားဝတ်နေရေးတွေ အဆင်ပြေ‌တာပေါ့" ဟု ၎င်းက ပြောသည်။

ကိုဗစ်တတိယလှိုင်းမြင့်တက်လာသည့်ကာလတွင် ပြည်နယ်တဝန်းရှိ စည်ပင်သာယာဈေးများ၌ အခြေခံစားသောက်ကုန်ဆိုင်များသာ ဖွင့်ခွင့်ပေးထားပြီး ရွှေ၊ အဝတ်အထည်၊ အိမ်ဆောက်ပစ္စည်းနှင့် ကျန်သည့်ဆိုင်များကို ဇူလိုင် ၅ ရက်နေ့မှ စတင်ပိတ်ထားခဲ့ရကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...
(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...