ဗန်းမောက်မြို့နယ်မှာ စစ်ကောင်စီတပ်တွေ မြို့ဝင်/ထွက် စစ်ဆေးမှုများပြုလုပ်နေ

ဗန်းမောက်မြို့နယ်မှာ စစ်ကောင်စီတပ်တွေ မြို့ဝင်/ထွက် စစ်ဆေးမှုများပြုလုပ်နေ

ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ်များက မြို့ဝင်/မြို့ထွက်များတွင် စစ်ဆေးမှုများ ပြလုပ်နေသည်မှာ (၂) ရက်ရှိနေပြီဖြစ်ကြောင်းသိရသည်။ ၎င်းတို့က စစ်ဆေးရာတွင် ကား၊ဆိုင်ကယ် နှင့် လက်ကိုင်ဖုန်းများကို စစ်ဆေးမှုများပြုလုပ်ကြောင်းသိရသည်။

“ဖုန်းတွေကို စစ်တယ်၊ ဖွင့်ပြခိုင်းတယ်၊ ကိုယ့်အချက်အလက်တွေကိုစစ်တယ် ၊ တခြားတော့ ထူးထူးခြားခြားမရှိသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းတို့သည် မည်သည့်သတင်းများကြောင့် လာရောက်စစ်ဆေးနေသည်ကို မသိရှိသေးကြောင်း ပြောဆိုကြသည်။

“အခုက မြို့ထဲကိုသူတို့တွေမစစ်သေးဘူး၊ ညဆိုရင်တော့ သူတို့မသင်္ကာ တဲ့ အိမ်တွေကို ဧည့်စာရင်းစစ်တယ်ဆိုတာတော့ကြားမိတယ်” ဟု ဗန်းမောက်မြို့ပေါ်မှာ ဒေသခံတစ်ဦးက ပြောဆိုသည်။

လွန်ခဲ့သည့် လကလည်း ဗန်းမောက်မြိုန့ယ် အနောက်ဘက်ခြမ်းသွားသည့် လမ်းပိုင်းရှိ ပင်ပုံကျေးရွာ၊ ပင်ဟင်းခါးကျေးရွာအနီးတွင်လည်း ယခုကဲ့သို့ စစ်ဆေးမှုများပြုလုပ်မှုများရှိသည်ဟု ပင်ပုံဒေသခံတစ်ဦး၏ ပြောဆိုမှုအရ သိရသည်။

ဒေသခံတချို့ကလည်း ရှုပ်ထွေးနေသည့် နိုင်ငံရေးသတင်းများကြောင့် စားနပ်ရိက္ခာဖြည့်တင်းမှုများလည်း ပြုလုပ်နေကြသည်။

ဗန်းမောက်မြို့သည် စစ်ကောင်စီနှင့် PDF များ တိုက်ပွဲဖြစ်နေသည့် ပင်လည်ဘူးမြို့နှင့်လည်း ထိစပ်နေသည့် မြို့တစ်ခုဖြစ်သည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...