ငွေစျေးအတက်အကျမြန်တာကြောင့် ငွေလဲပေးသူများ အရှုံးပေါ်နေ

ငွေစျေးအတက်အကျမြန်တာကြောင့် ငွေလဲပေးသူများ အရှုံးပေါ်နေ

မြန်မာငွေကျပ်တန်ဖိုးကျဆင်းပြီး စျေးအတက်အကျမြန်နေတာကြောင့် ဒေါ်လာ၊ ဘတ် စသည့် နိုင်ငံခြားငွေလဲလှယ်ပေးသည့် လုပ်ငန်းများ အရှုံးပေါ်နေကြောင်း မွန်ပြည်နယ်ရှိ ဘတ်ငွေလဲလှယ်ပေးသူများထံမှ စုံစမ်းသိရှိရသည်။

ငွေလဲလှယ်ပေးသူများအနေဖြင့် ဝယ်ယူထားသည့်ငွေများကို အချိန်မှီပြန်မရောင်းနိုင်ဘဲ အရှုံးပေါ်နေတာဖြစ်ကြောင်း မွန်ပြည်နယ်မှပွဲစားတစ်ဦးက ဆိုသည်။

"ငွေလာလဲရင် ကျနော်တို့ဘဏ်အကောင့်ထဲ  အသင့်မရှိရင် ငွေပြန်လဲဖို့က ကြာရော။ ပြီးတော့အခုရက်ပိုင်းထဲ မြန်မာငွေကိုင်ထားတဲ့သူတွေကလည်း ဘတ်မဝယ်ရဲဘူး။ စျေးကတအားတက်နေတာလေ။ ဘတ်ကိုင်ထားတဲ့သူကလည်း မြန်မာငွေ မလဲရဲဘူး" ဟု ဘတ်ငွေနှင့်မြန်မာငွေလဲလှယ်ပေးသူ ပွဲစားတစ်ဦးက ဆိုသည်။

ငွေစျေးတက်လာသောကြောင့် မီးဖိုချောင်သုံးပစ္စည်းများလည်း စျေးတက်လာကြောင်းမုဒုံမြို့နယ်မှ အိမ်ရှင်မှတစ်ဦးက ဆိုသည်။

"မီးဖိုချောင်သုံးပစ္စည်းတွေစျေးတက်တယ်။ ဆီဆို စျေး ထောင်ကျော်ကွာတယ်။အရင်အပတ်က ထိုင်းဆီထုပ် တစ်ထုပ်ကို ၂၈၀၀ ပဲပေးရပြီး အခု ၃၁၀၀တောင် ဖြစ်သွားပြီ" ဟု ၎င်းကဆိုသည်။

စက်တင်ဘာ ၃၀ ရက်နေ့တွင် ထိုင်းငွေတစ်ဘတ်လျှင် မြန်မာငွေ ၆၅ ကျပ်ပေးလဲလှယ်နေရကြောင်း သိရသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...
(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...