ညအချိန် Mytel တာဝါတိုင် အနီးလာပါက ပစ်ခတ်ခံရမည်ဟု စစ်ကောင်စီထောက်ခံသူများက အွန်လိုင်းစာမျက်နှာပေါ်တွင် ခြိမ်းခြောက်

ညအချိန် Mytel တာဝါတိုင် အနီးလာပါက ပစ်ခတ်ခံရမည်ဟု စစ်ကောင်စီထောက်ခံသူများက အွန်လိုင်းစာမျက်နှာပေါ်တွင် ခြိမ်းခြောက်
ဘိုကလေးမြို့၊စိန်ဟိုင်ကျေးရွာတွင် မီးရှို့ခံခဲ့ရသော မိုင်တဲတာတိုင်
ဘိုကလေးမြို့၊စိန်ဟိုင်ကျေးရွာတွင် မီးရှို့ခံခဲ့ရသော မိုင်တဲတာတိုင်

ဧရာဝတီတိုင်းအတွင်း မြို့နယ်များရှိ အကြမ်းဖက်စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင်များအနီးသို့ ညအချိန်သွားပါက သေနတ်ဖြင့် ပစ်ခတ်ခံရမည်ဟု စစ်ကောင်စီထောက်ခံသူများက အွန်လိုင်းစာမျက်နှာပေါ်တွင် ခြိမ်းခြောက် ရေးသားထားကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ ဘိုကလေးမြို့၊ ပုသိမ်မြို့၊ မအူပင်မြို့နှင့် မော်လမြိုင်ကျွန်းမြို့တို့တွင် မိုင်တဲတာဝါတိုင်များ ဖျက်ဆီးခံခဲ့ရပြီး နောက်ပိုင်း အခုကဲ့သို့ ခြိမ်းခြောက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။

စစ်အုပ်စုနှင့်ရဲများက မိုင်တဲတာဝါတိုင်များအနီးတွင်တန်ပြန်မိုင်းထောင်ခြင်းများကို ပြုလုပ်ထားကြောင်းစစ်ကောင်စီထောက်ခံသူများ၏ ခြိမ်းခြောက်စာ၌ ဖော်ပြထားသည်။

"သူတို့ဘာပဲ လုပ်လုပ်ပါ။ ဘယ်လိုပဲ ခြိမ်းခြောက်ခြိမ်းခြောက်၊ ကျွန်တော်တို့ကတော့ လုပ်စရာရှိတာကိုဆက်လုပ်ရမှာပဲ။ စစ်ကောင်စီကို အထောက်အပံ့ပေးနေတဲ့အရာမှန်ရင် တိုက်ခိုက်ဖျက်ဆီးတာတွေဆက်လုပ်သွားမှာပါ" ဟု ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင် ဖျက်ဆီးခံခဲ့ရသည်မှာ လေးကြိမ်အထိရှိလာပြီဟုသိရပြီး စစ်ကောင်စီတပ်သားများကို မြို့နယ်များနှင့်နီးသည့် မိုင်တဲတာဝါတိုင်များအနီးတွင် ကင်းပုန်းချထား‌ကြောင်း သိရသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...