တစ်ဒေါ်လာ ၂၇၀၀ ကျပ်နှင့်ရွှေသိန်းနှစ်ဆယ်ကျော် အထိ စျေးအတက်ကြမ်းနေ

တစ်ဒေါ်လာ ၂၇၀၀ ကျပ်နှင့်ရွှေသိန်းနှစ်ဆယ်ကျော် အထိ စျေးအတက်ကြမ်းနေ

ဗဟိုဘဏ်က စက်တင်ဘာလ တစ်လအတွင်း ငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၅၀ ကျော်ဖြင့် (၆၃) သန်းထိရောင်းချခဲ့သော်လည်း ဒေါ်လာစျေးတက်မြဲတက်လာခဲ့သည်။

စက်တင်ဘာလ ၂၇ ရက်နေ့က တစ်ဒေါ်လာ ၂၂၀၀ ကျပ်ကျော်သာ စျေးကွက်အတွင်းတွင် ရောင်းဝယ်ခဲ့ကြသော်လည်း ယနေ့တွင် ၂၇၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။

ရွှေစျေးသည်လည်း စက်တင်ဘာလ (၂၇) ရက်နေ့တွင် သိန်း ၂၀ ဝန်းကျင်သာရှိခဲ့ပြီး ယနေ့တွင် တစ်ကျပ်သားလျှင် ၂၂ သိန်းကျော်အထိ ရောက်ရှိလာခဲ့သည်။

“အခုက လုံးဝအလုံးစုံပျက်သုံးဖို့သွားနေသလိုပဲ၊ နောက်ဆို တစ်ဒေါ်လာ ၅ ထောင်ထိရောက်မလားပဲပါ့၊ အခုက ဆီစျေးတွေလည်းအကုန်တက်တယ်” ဟု ရွှေမျှောလုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

ဒေါ်လာစျေးမြင့်တက်လာမှုနှင့်အတူ စက်သုံးဆီ၊ အခြေခံစားသောက်ကုန်များလည်း စျေးနှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်မှစပြီး စီးပွားရေးကျဆင်းလာကာ ယခုနှစ် GDP သည် -၁၈.၄ အထိ ကျဆင်းနေကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း ထုတ်ပြန်ထားသည်။

 
 

 

 

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...