ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ဥရုချောင်းတံတား ပိတ်ထား

ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ဥရုချောင်းတံတား ပိတ်ထား

ဟုမ္မလင်းမြိုန့ယ် နောင်ပိုအောင်ကျေးရွာရှိ ဥရုချောင်းကူးတံတားကို ယမန်နေ့ စက်တင်ဘာ (၂၈) ရက်နေ့နံနက်ပိုင်းက အမည်မသိအဖွဲ့တစ်ခုက ပိတ်ထားပြီးနောက် စစ်ကောင်စီတပ်များရောက်လာကာ ထပ်မံပိတ်ထားကြောင်း သိရသည်။

“စျေးသွားတော့ ဖြတ်ခွင့်မပေးဘူး ပိတ်ထားတယ်လို့ပြောတာတဲ့၊ ဘယ်အဖွဲ့အစည်းကမှန်းမသိဘူးလူဆယ်ယောက်လောက်ကပိတ်ထားတာ၊ ဘာဖြစ်လို့လဲမေးတော့  ဘယ်သူမှသွားခွင့်မပေးဘူးပိတ်ထားတာ၊ အဲ့တာနဲ့ လှည့်ပြန်လာခဲ့တာ” ဟု အနီးနားပတ်ဝန်းကျင်ရွာမှ နောင်ပိုအောင်စျေးသို့ သွားသည့် စျေးသည်တစ်ဦးက ရှမ်းနီအသံကိုပြောသည်။

၎င်းစျေးသည်ပြန်လာပြီး တခဏအကြာတွင် စစ်ကောင်စီတပ်များရောက်လာပြီး သေနတ်ပစ် ဖောက်မှု (၁၀) ချက်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်များက တံတားကိုပိတ်ချထားပြီး မကြာခင်ပြန်ဖွင့်ပေးမည်ဟု ဒေသခံတချို့ကို ပြောဆိုသော်လည်း သတင်းရေးသားနေသည့်အချိန်ထိ ပိတ်ထားနေဆဲဖြစ်သည်။

“အခြေအနေက ဟိုဘက်ဒီဘက်ပိတ်ထားတဲ့အခြေအနေရှိနေတယ်။တဖန်းကုန်းဘက်ကလည်း ပြန်လို့မရလို့ စက်လှေတွေနဲ့ပြန်နေတယ်။ မနက်ကတည်းကပိတ်ထားတာ၊ ဖြတ်သွားဖြတ်လာလည်းမရှိတော့ဘူး” ဟု နောင်ပိုအောင် ဒေသခံတစ်ဦးကဆိုသည်။

နောင်ပိုအောင်ရွာအတွင်းတွင်လည်း စစ်ကောင်စီတပ်များက စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...
April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...