နေပြည်တော်တွင် စစ်ကောင်စီကား ဗုံးပစ်ခံရ၊ ယင်းကားဘေး ပေါက်ကွဲမှုဖြစ်

နေပြည်တော်တွင် စစ်ကောင်စီကား ဗုံးပစ်ခံရ၊ ယင်းကားဘေး ပေါက်ကွဲမှုဖြစ်

နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက် ဗိုလ်တော်ထိန်လမ်းနှင့် ဦးဘွားလမ်းဆုံရှိ KBZ Bank ခွဲ (၃) အနီးတွင် စက်တင်ဘာ ၂၉ ရက် နံနက် ၉နာရီအချိန်က လမ်းပေါ်မောင်းနှင်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ မော်တော်ကား အနီးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

မောင်းနှင်နေသည့် စစ်ကောင်စီကား ဗုံးပစ်ခံရပြီး ကားဘေးဘောင်နှင့်ထိကာ ကန်ထွက်လာသည့် ဗုံးဆန်မှာ ယင်းစစ်ကားအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မောင်းနေတဲ့ကားပေါ် လက်ပစ်ဗုံးပစ်တာ၊ ဘောင်နဲ့ထိပြီး မဝင်သွားဘူး။ အောက်ရောက်မှ ပေါက်ကွဲသွားတာ။ လူတော့မထိဘူး။ ရိက္ခာလာလာဝယ်တတ်ကြတဲ့ စကစဘက်က ကားအကြီး ပစ်ခံရတာ" ဟု နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်က ဆိုသည်။

ပျဉ်းမနားအမှတ် (၁) စျေးသို့ ရိက္ခာလာဝယ်သည့် စစ်ကားအကြီး တစ်စီးပေါ်သို့ လက်ပစ်ဗုံးပစ်သွင်းခဲ့ခြင်းဖြစ်ကာ ကားပေါ်သို့မရောက်ရှိဘဲ အနီးနားရှိ ဦးဘွားလမ်းဆုံနားတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းသည်။

လက်ရှိအချိန်တွင် ဗိုလ်တောက်ထိန်လမ်းကိုပိတ်ထားကာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်းသိရသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...