လူမဲ့တန်ဆာပို့ဆောင်မှုကို တင်းတင်းကြပ်ကြပ်စစ်ဆေးဖို့ ပြည်နယ်အာဏာပိုင်အဖွဲ့ ညွှန်ကြား

လူမဲ့တန်ဆာပို့ဆောင်မှုကို တင်းတင်းကြပ်ကြပ်စစ်ဆေးဖို့ ပြည်နယ်အာဏာပိုင်အဖွဲ့ ညွှန်ကြား

မွန်ပြည်နယ်မှ ကားဂိတ်များတွင် လူမဲ့တန်ဆာပို့ဆောင်မှုကို မှတ်ပုံတင်မိတ္တူနှင့် အထောက်အထားခိုင်လုံမှသာ လက်ခံလုပ်ဆောင်ပေးရမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာလ ၂၄ရက်နေ့က ညွှန်ကြားထားကြောင်း မိတ္တူစာအရ သိရှိရသည်။

မော်လမြိုင်ကားဝင်းအတွင်းရှိ ကားဂိတ်များကို CCTVနှင့် မျက်နှာ စကန်ဖတ်စက်များကို အရေးကြီးသော အဝင်အထွက်များတွင် တပ်ဆင်ရန် ညွှန်ကြားချက်ပါရှိသော စာများ လိုက်လံပေးဆောင်ထားကြောင်း ကားဂိတ်တစ်ခုမှ စုံစမ်းသိရှိရသည်။

"အရင်ရက်ကလာပေးသွားတာ။ ကားအကြီးဂိတ်တွေပေးတာများတယ်။ တချို့ ကားအသေးလေးတွေကို ပေးတာမတွေ့ဘူး" ဟု မော်လမြိုင် ကားဝင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တရားမဝင်ပစ္စည်းများ ပေးပို့မှုမရှိစေရန်အတွက် လူမဲ့တန်ဆာများလက်ခံရာတွင် ပေးပို့သူ၏မှတ်ပုံတင်မိတ္တူယူဆောင်ထားရန် ညွှန်ကြားထားသည်။

တန်ဆာပစ္စည်းများ လက်ခံပေးပို့မှုစာရင်းကို နေ့စဥ်မှတ်တမ်းတင်ထားပြီး ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ပြရန် ညွှန်ကြားစာက ဖော်ပြထားသည်။

May 15, 2026
မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေသည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ်...
May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...