ရေးမြို့နယ်တွင် လူငယ် ၅ ဦးကို လက်နက်တွေ့ရှိမှုဖြင့် ရဲဖမ်းဆီးအရေးယူထား

ရေးမြို့နယ်တွင် လူငယ် ၅ ဦးကို လက်နက်တွေ့ရှိမှုဖြင့် ရဲဖမ်းဆီးအရေးယူထား

ရဲနှင့်စစ်တပ်ပါဝင်သော လုံခြုံရေးအဖွဲ့က ယမန်နေ့ (စက်ဘတင်ဘာ ၂၇ ရက်) ညနေပိုင်းတွင် ရေးမြို့နယ် မြောက်ပိုင်း စုံနံ့သာကျေးရွာအနီးရှိ မသင်္ကာဖွယ် ရာဘာခြံတစ်ခြံသို့ သွားရောက်ရှာဖွေစစ်ဆေးခဲ့စဥ် မသင်္ကာဖွယ်တွေ့ရှိသူ လူငယ် ၅ ဦးထံမှ ဓါးဦးချွန်တစ်ခုနှင့် တူမီးလက်နက်တစ်လက် ရှာဖွေတွေ့ရှိခဲ့သည့်အတွက် လက်နက်ဥပဒေ ပုဒ်မ ၁၉ (င) (စ) တို့ဖြင့် ရေးမြို့မ ရဲစခန်း၌ အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဥ်မှာ စုံနံ့သာကျေးရွာ၊ သင်္ချိုင်းကုန်းအနီး ကားလမ်းမပေါ်၌ မင်းဇော်ဦး ၂၈ နှစ်၊ (ဘ) ဦးထွန်းမြင့်၊ မွန်/ဗုဒ္ဓ၊ ခြံလုပ်၊ ပလိုင်ကီးကျေးရွာ နေသူအား စစ်ဆေးခဲ့ရာတွင် ၎င်း၏ခါးကြား၌ ကော်ရိုးတပ် အရိုးအသွား ၈ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်း ကိုင်ဆောင်ထားခြင်းကို တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် လုံခြုံရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထိုနောက် စုံနံ့သာကျေးရွာအနီး လယ်ကွင်းစပ်၌ ချစ်ပိုင် ၂၅ နှစ်၊ (ဘ) ဦးစိုးဝင်း၊ ကျဘမ်းလုပ်၊ မွန်/ဗုဒ္ဓ၊ ပလိုင်ကီးကျေးရွာ၊ မောင်မင်းပိုင် (၁၅) နှစ်၊ (ဘ) ဦးကျော်ဝင်း ခြံလုပ်၊ မွန်/ဗုဒ္ဓ၊ ပုပ္ဖဝတီကျေးရွာ၊ အောင်ဘိုဘိုထက် ၂၃ နှစ်၊ (ဘ) ဦးထွန်းလှိုင်၊ မွန်/ဗုဒ္ဓ၊ ခြုံလုပ်၊ အာယုတောင်ကျေးရွာ၊ ပယ်စွန် ၁၉ နှစ်၊ (ဘ) ဦးထွန်း၊ မွန်/ဗုဒ္ဓ၊ ကျဘမ်းလုပ်၊ ရွှေပြည်သာကျေးရွာ နေသူတို့ ၄ ဦးအား လုံးပတ် ၂ လက်မခန့်၊ အရှည် ၄ ပေခွဲခန့်ရှိ တူမီး လက်လုပ်သေနတ် ၁ လက်နှင့်အတူ တွေ့ရှိရသဖြင့် ဆက်လက်ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ရေးမြို့မရဲစခန်း၏ (ပ)၈၁/၂၀၂၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၇၊ (ပ)၄၅၆/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၇ မှ ၃၀၂ ပြောင်း အမှုတို့မှ တရားခံပြေးဖြစ်သူ အချိုင် (ခ) ဝမ်ချိုင်ဆိုသူအား ရာဘာခြံအတွင်း ပုန်းခိုနေထိုင်ကြောင်းသတင်းအရ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အမှတ် (၅၈၇) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦး ဦးစီးအဖွဲ့တို့မှ ဖမ်းဆီးရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်စိတ်ချရသောသတင်းအရင်းမြစ်ထံမှ သိရသည်။

စုံနံ့သာကျေးရွာခွဲ အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးဝင်းအား ပြီးခဲ့သည့် ၂၀၂၁ ဇူလိုင် ၂၅ ရက်နေ့က သေနတ်ပစ်ခတ်လုပ်ကြံမှု၊ ၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်းက မူးယစ်ဆေးဝါးဖမ်းဆီးစဥ် တပ်ကြပ်ကြီးမောင်သိန်းအား ခုခံပစ်ခတ်သေဆုံးစေမှုတို့ဖြင့် အဆိုပါ အချိုင် (ခ) ဝမ်ချိုင်ဆိုသူအား ရဲကအလိုရှိနေကြောင်း စုံစမ်းသိရှိရသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...
(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...