ရေးတောင်ပိုင်းတွင် DMD မွန်လက်နက်ကိုင်အဖွဲ့နှင့်ဆက်နွယ်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးအပါအဝင် ရွာသား ၇ ဦးကို စစ်တပ်ဖမ်းဆီး

ရေးတောင်ပိုင်းတွင် DMD မွန်လက်နက်ကိုင်အဖွဲ့နှင့်ဆက်နွယ်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးအပါအဝင် ရွာသား ၇ ဦးကို စစ်တပ်ဖမ်းဆီး

ရေးတောင်ပိုင်းဒေသ၌ လှုပ်ရှားလျက်ရှိသော DMD မွန်လက်နက်ကိုင်အဖွဲ့နှင့် ပါဝင်ပတ်သက်ဆက်နွယ်နေသည်ဟုဆိုကာ မိထော်လှာလေးနှင့် ကျုံညဲရွာမှ အမျိုးသမီးတစ်ဦးအပါအဝင် ရွာသား ၇ ဦးကို စစ်တပ်က ယမန်နေ့တွင် လာရောက်ဖမ်းဆီးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

DMD အဖွဲ့နှင့် ဆွေမျိုးတော်စပ်သူများဟု စွပ်စွဲခံရသူများ၊ မိထော်လှာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်း ၂ ဦးနှင့် ဒေသခံမဟုတ်သည့် ကားဒရိုင်ဘာတစ်ဦးတို့ပါဝင်ပြီး သာမန်ရွာသားများသာဖြစ်ကြသည်ဟု သိရသော်လည်း မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးပေ။

ဖမ်းဆီးခံရသူများတွင် ၁-နိုင်ကျော်ဦး ၂-နိုင်မြိုင် ၃-နိုင်ကွန်းပကျော့ (နာဲကောန်ပစံက်) ၄-နာဲချမ်းမွန် ၅-ကိုမင်းထွန်း ၆-နိုင်ဝင်းရွှေ နှင့် ၇-မိကွန်းဘေ့ (မိကောန်ၝောံ) တို့ပါဝင်ကြောင်း ယုံကြည်စိတ်ချရသူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ သတင်းပေးပို့ခဲ့သည်။

ကျုံညဲကျေးရွာနှင့် ၁၀ မိုင်ခန့်အကွာရှိ ခေါဇာမြို့အခြေစိုက် ခလရ (၃၁) စစ်ကြောင်းတစ်ခုက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အခြားမွန်သတင်းအရင်းအမြစ်များက Online ပေါ်တွင် ရေးသားဖော်ပြသည်။

ရေးတောင်ပိုင်းဒေသတွင် DMD အမည်ဖြင့် မွန်လက်နက်ကိုင်အဖွဲ့တစ်ခု လွန်ခဲ့သည့်သီတင်းပတ်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံများထံမှ ငွေကျပ်သိန်း ၂၀၀ ဆက်ကြေးကောက်ခံခဲ့ကြောင်း Online သတင်းတချို့က ဖော်ပြခဲ့သည်။

 
 

 

 

Most read this week

ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...
(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...