သင်္ကန်းကျွန်း နှင်းဆီကုန်းအိမ်ရာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်

သင်္ကန်းကျွန်း နှင်းဆီကုန်းအိမ်ရာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် (က) ရပ်ကွက် နှင်းဆီကုန်းအိမ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးရှေ့တွင် စက်တင်ဘာ ၂၀ ရက် နံနက် ၁၁ နာရီခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်သွားသည်။

အုပ်ချုပ်ရေးမှုးရုံးရှေ့ ကာထားသော အကာနှင့် မြောင်းကြားတွင် ပေါက်ကွဲခြင်းဖြစ်သည်။

"အဲဒီရုံးမှာရှိတဲ့ အုပ်ချုပ်ရေးမှူး ဦးထွန်းသန်းက ရပ်ကွက်ထဲမှာ ဧည့်စာရင်းမတိုင်မနေရ လိုက်ပြောနေတာ။ တိုင်ပြန်တော့လည်း တစ်ခါတိုင်ရင် ကျပ် ၁,၀၀၀ ကောက်တယ်။ ထိခိုက်မှုမရှိဘူးဆိုတော့ အုပ်ချုပ်ရေးမှူးကို သတိပေးတာဖြစ်နိုင်တယ်" ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီးချိန်တွင် စစ်ကားတစ်စီးနှင့် ရဲကားတစ်စီးရောက်လာပြီး လမ်းထိပ်နှစ်ဘက်ကို ပိတ်လိုက်ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်း မဇ္ဈိမက စုံးစမ်းသိရှိရသည်။

 
 

 

 

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...