ပေါင်းသတ်ဆေးနှင့်ဓာတ်မြေသြဇာဈေးတက်နေသဖြင့် နှမ်းစိုက်တောင်သူများ အရှုံးပေါ်မှာစိုးရိမ်

ပေါင်းသတ်ဆေးနှင့်ဓာတ်မြေသြဇာဈေးတက်နေသဖြင့် နှမ်းစိုက်တောင်သူများ အရှုံးပေါ်မှာစိုးရိမ်

ပေါင်းသတ်ဆေးနှင့် ဓာတ်မြေသြဇာနှင့် ယခင်နှစ်ထက် ဈေးနှစ်ဆကျော် တက်နေသောကြောင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ နှမ်းစိုက်တောင်သူများ အရှုံးပေါ်ပြီး တွက်ခြေမကိုက်မှာကို စိုးရိမ်နေကြကြောင်း သိရသည်။

လက်ရှိ ပေါင်းသတ်ဆေး တစ်ဂါလံကို ၂၈၀၀၀ ကျပ်နှင့် မြင်းပျံတံဆိပ် ဓာတ်မြေသြဇာတစ်အိတ်ကို (၆၀၀၀၀) ကျပ်ကျော်ရှိပြီး ယမန်နှစ်ထက် ဈေးနှစ်ဆနီးပါး မြင့်တက်နေခြင်းဖြစ်သည်။

“ဓာတ်မြေသြဇာဖိုး ပေါင်းသတ်ဆေးဖိုး၊ မျိုးစေ့ဖိုးတို့က မဖြစ်မနေ အရင်းထုတ်ရမယ်။ ကိုယ်လုပ်အားခကို မတွက်သေးဘူး။ နှမ်းကဘယ်လောက်ထွက်မှာလဲ မသိသေးဘူး။ နှမ်းပေါ်ချိန်က ဈေးဘယ်လိုရှိနိုင်မလဲမသိတော့၊ ရှုံးမှာကိုပဲ စိုးရိမ်တယ်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ်မှ နှမ်းတောင်သူတစ်ဦးက ဆိုပါသည်။

မော်လမြိုင် ကုန်စည်ဒိုင်ဈေးနှုန်း ယနေ့ နှမ်းတစ်ပိဿာအလေးချိန်၏ ပေါက်ဈေးမှာ စမုံနက် (အကြီး) ၃၀၀၀ ကျပ်၊ စမုံနက်အသေး ၃၂၀၀ ကျပ်၊ ဆောင်းနှမ်း ၂၁၀၀ ကျပ်နှင့် နှမ်းညို ၁၉၅၀ ကျပ်ဖြစ်သည်။

မကြာသေးခင်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းနှင့် မြစ်ချောင်းအနီးအနားရှိ တောင်ယာများရှိ နှမ်းပျိုးပင်များသေဆုံးခဲ့ရပြီး ယခုတဖန်တဖန်ပြန်လည်စိုက်ပျိုးရသောကြောင့် ကုန်ကျစရိတ် ပိုမိုများပြားခဲ့ကြောင်း ကြာအင်းဆိပ်ကြီး ဇမိမြစ်အနီးက နှမ်းတောင်သူတစ်ဦးက ဆိုသည်။

“နှမ်းရိတ်တဲ့အချိန် အလုပ်သမား ရှာရခက်လို့ ပိုပြီး ဒုက္ခရောက်ပါတယ်။ ဈေးပိုပေးရတယ်။ နှမ်းကို မှည့်နေအောင် ထားလို့ မရပါဘူး။ အသီးကွဲပြီး အစေ့တွေ လေလွင့်ကုန်ပါရော။ တစ်ချို့တောင်သူတွေ ကိုယ်တိုင် မရိတ်သိမ်းနိုင်လို့ တစ်ဝက်စီခွဲပြီး ပုတ်ပြတ်ပေးပြီး ရိတ်လိုက်ရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့မှ ဘုရားသုံးဆူအကြား ဇမိမြစ်ကြောင်းတစ်လျောက်ရှိ တောင်သူများ နှစ်စဉ်နှမ်းစိုက်ပျိုးလေ့ရှိပြီး ရက် (၁၀၀) ဝန်းကျင်တွင် ရိတ်သိမ်းနိုင်ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်က နှမ်းတောင်သူတစ်ဦးလျှင် နှမ်းတင်း (၄၀) မှ (၁၄၀) အထိ အထွက်ရှိခဲ့ပြီး ယခင်နှစ်များတွင် နှမ်းတစ်တင်းလျှင် (၇၀၀၀၀) ကျပ်အထိ ဈေးပေါက်ခဲ့ကြောင်း သိရသည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...