မုံရွာမြို့ရှိ စစ်အုပ်စုပိုင် Mytel ရုံးတွင် ဗုံးပေါက်

မုံရွာမြို့ရှိ စစ်အုပ်စုပိုင် Mytel ရုံးတွင် ဗုံးပေါက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းမကြီးပေါ်ရှိ အာဏာသိမ်းစစ်အုပ်စုပိုင် Mytel ရုံးတွင် ယနေ့ စက်တင်ဘာ ၁၅ ရက် နံနက် ၈ နာရီကျော်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မုံရွာဒေသခံများက မဇ္ဈိမကို ပြောသည်။

“မနက်က (ဗုံး) ပေါက်တာ။ လူနာတင်ကား သွားတဲ့အသံတွေတော့ မကြားမိဘူး” ဟု မုံရွာဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ၏ ငွေကြေးစီးဆင်းမှုကို အမြစ်ပြတ်ချေမှုန်းရန်အတွက် မုံရွာ Mytel ရုံးကို ဗုံးဖောက်ခွဲလိုက်ခြင်း ဖြစ်ကြောင်း သံမဏိနှင့် အဖွဲ့သားများ- MPDF ကိုယ်စားပြု တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

“စစ်ကောင်စီရဲ့ ငွေကြေးစီးဆင်းမှုတွေကို ဒီကောင်က(Mytel) အဓိက ပါဝင်နေတယ်လေ။ အဲဒီအတွက် ဒီကောင်တွေရဲ့ ငွေကြေးစီးဆင်းမှုကို ကျွန်တော်တို့က မလိုလားဘူး။ ကျည်ဆန်ဖိုးတွေ ထပ်ရှာပေးသလို အဖြစ်မခံနိုင်တဲ့အတွက် ဒါတွေကို ဖျက်ဆီးရတာပါ” ဟု သံမဏိနှင့် အဖွဲ့သားများ - MPDF ကိုယ်စားပြု တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် Mytel ရုံးတွင်း အဆောက်အဦ ထိခိုက်ပျက်စီးမှုတချို့ရှိခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း မုံရွာဒေသခံများထံမှ သိရသည်။

ထိုသို့ဗုံးပေါက်ကွဲပြီးနောက် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့်စစ်သားများက မုံရွာမြို့ရှိ ဂိတ်များတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...