ဧရာဝတီတိုင်းရှိ ဘုန်းကြီးကျောင်းများတွင် ညအိပ်ဧည့်သည် လက်ခံခြင်းမပြုရန် ညွှန်ကြား

ဧရာဝတီတိုင်းရှိ ဘုန်းကြီးကျောင်းများတွင် ညအိပ်ဧည့်သည် လက်ခံခြင်းမပြုရန် ညွှန်ကြား

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်းများတွင် အမြဲတမ်းနေထိုင်နေသည့် လူပုဂ္ဂိုလ်များကို‌ ကျောင်းဝန်းအတွင်းမှ ဖယ်ရှားပြီး ညအိပ်ဧည့်သည်များကိုပါ လက်ခံခြင်းမပြု‌ရန် ‌တိုင်းသံဃနာယကအဖွဲ့ကစာထုတ် ထားသည်။

ဧရာဝတီတိုင်းအတွင်း မြို့နယ်အသီးသီး၌ရှိသော ဘုန်းကြီးကျောင်းများကို စက်တင်ဘာ ၁၃ရက်က အကြောင်းကြားသောစာတွင် “သက်ကြီးရွယ်အို သားသမီးကျောထောက်နောက်ခံမရှိသော ခမည်းတော်၊ မယ်တော် မှတစ်ပါး အမြဲနေထိုင်သူ လူပုဂ္ဂိုလ်များကို ရဟန်းတော်များ သီတင်းသုံးရာ ကျောင်း၊ ကျောင်းတိုက်အတွင်းမှ ဖယ်ရှားပေးရန်နှင့် ညအိပ် ၊ ညနေ ဧည့်သည်လူပုဂ္ဂိုလ်များ တည်းခိုနေထိုင်ခြင်း မပြုရန်”ဟု ပါရှိသည်။

အာဏာသိမ်းစစ်ကောင်စီသည် တော်လှန်ရေး အင်အားစုများအနေနှင့် ဘုန်းကြီးကျောင်းများတွင် တည်းခို တိမ်းရှောင်နေမည်ကို စိုးရိမ်ခြင်းကြောင့် အခုကဲ့သို့ လုပ်ဆောင်လာခြင်းဟု ဒေသခံများကယူဆနေကြသည်။

“ဒီလိုသတ်မှတ်ချက်ရှိခဲ့တာက ဟိုးအရင်ထဲကပါ။ မြန်မာ့အစဉ်အလာနဲ့ အဆင်မပြေတာမို့ ဘယ်ကျောင်းတိုက်ကမှ လိုက်နာခြင်းမရှိခဲ့ဘူး။ ဘုန်းကြီးကျောင်းတွေမှာ ကပ္ပိယဆိုတာရှိခဲ့တာ အခုမှ မဟုတ်ဘူး ဟိုးအရင်ထဲက၊ ဘွင်းဘွင်းပြောရရင် စကစနဲ့ အဆင်ပြေနေတဲ့ ဘုန်းကြီးခရိုနီတွေတောင်မှ သူတို့ကျောင်းတိုက်ထဲမှာ ကားမောင်းဖို့က ဆယ်ယောက်လောက်၊ ဆွမ်းကွမ်းကမ်းဖို့က ဆယ်ယောက်လောက် အမြဲရှိနေတာလေ။" ဟု တိုက်အုပ်ဆရာတော်တစ်ပါးက မိန့်ကြားသည်။

"တောကျောင်းလေးတွေမှာဆိုလည်း ခက်တယ်။ ကိုယ့်ကျောင်းလာပြီး တပည့်တော် တစ်ညလောက် တည်းခိုပါရစေဘုရား ဆိုရင် နှင်ချလို့မရဘူး။ အလှူပွဲလမ်းတွေအတွက် ရပ်ဝေးက ဒကာ၊ ဒကာမတွေလာတယ်။ အဲဒါကို တည်းခိုခန်းသွားလို့ ပြောရမှာလား။ ”ဟု ဆက်လက်မိန့်ကြားသည်။

 
 

 

 

Most read this week

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...