ဟိုပင်မြို့နှင့် တကွင်းကျေးရွာကြားရှိ စစ်ကောင်စီတပ်၏ စခန်းတွင် ပစ်ခတ်သံများ တစ်နာရီကျော်ကြာကြားရ

ဟိုပင်မြို့နှင့် တကွင်းကျေးရွာကြားရှိ စစ်ကောင်စီတပ်၏ စခန်းတွင် ပစ်ခတ်သံများ တစ်နာရီကျော်ကြာကြားရ

မိုးညှင်းမြို့နယ် ဟိုပင်မြို့နှင့် တကွင်းကျေးရွာကြားတွင် ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်း ၃ နာရီကျော်အချိန်က ပစ်ခတ်သံများကြားရကြောင်း ဒေသခံများထံမှသိရသည်။

“ဘယ်ဘက်က ပစ်မှန်းမသိဘူး။ ဘယ်အဖွဲ့တွေ ချကြလဲမဘူး။ တစ်နာရီကျော်လောက်ရှိမယ်” ဟု ဟိုပင်မြို့ ဒေသခံတစ်ဦးက ဆိုသည်။

ပစ်ခတ်သံများသည် အနီးပတ်ဝန်းကျင်ရှိ လယ်ကွက်များအတွင်းမှပင်ကြားရပြီး တစ်နာရီကျော်ကြာမြင့်ကြောင်း ၎င်းကဆိုသည်။

ထိုပစ်ခတ်ကြသည့် အဖွဲ့အစည်းများကို မသိရှိရသေးသော်လည်း ပစ်ခတ်မှုသည် ဟိုပင်နှင့် တကွင်းကြားရှိ ခလရ ၄၀၊ ခမရ ၃၈၈၊ ၃၈၉ နေရာတွင်ဖြစ်ကြောင်း တကွင်းဒေသခံများက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဟိုပင်မြို့အတွင်း စစ်ဆေးမှုတချို့လည်းရှိခဲ့ပြီး တကွင်းကျေးရွာတွင်လည်း လက်ရှိအခြေအနေ တည်ငြိမ်နေသေးကြောင်း သိရသည်။

 
 

 

 

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...