ဟိုပင်မြို့နှင့် တကွင်းကျေးရွာကြားရှိ စစ်ကောင်စီတပ်၏ စခန်းတွင် ပစ်ခတ်သံများ တစ်နာရီကျော်ကြာကြားရ

ဟိုပင်မြို့နှင့် တကွင်းကျေးရွာကြားရှိ စစ်ကောင်စီတပ်၏ စခန်းတွင် ပစ်ခတ်သံများ တစ်နာရီကျော်ကြာကြားရ

မိုးညှင်းမြို့နယ် ဟိုပင်မြို့နှင့် တကွင်းကျေးရွာကြားတွင် ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်း ၃ နာရီကျော်အချိန်က ပစ်ခတ်သံများကြားရကြောင်း ဒေသခံများထံမှသိရသည်။

“ဘယ်ဘက်က ပစ်မှန်းမသိဘူး။ ဘယ်အဖွဲ့တွေ ချကြလဲမဘူး။ တစ်နာရီကျော်လောက်ရှိမယ်” ဟု ဟိုပင်မြို့ ဒေသခံတစ်ဦးက ဆိုသည်။

ပစ်ခတ်သံများသည် အနီးပတ်ဝန်းကျင်ရှိ လယ်ကွက်များအတွင်းမှပင်ကြားရပြီး တစ်နာရီကျော်ကြာမြင့်ကြောင်း ၎င်းကဆိုသည်။

ထိုပစ်ခတ်ကြသည့် အဖွဲ့အစည်းများကို မသိရှိရသေးသော်လည်း ပစ်ခတ်မှုသည် ဟိုပင်နှင့် တကွင်းကြားရှိ ခလရ ၄၀၊ ခမရ ၃၈၈၊ ၃၈၉ နေရာတွင်ဖြစ်ကြောင်း တကွင်းဒေသခံများက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဟိုပင်မြို့အတွင်း စစ်ဆေးမှုတချို့လည်းရှိခဲ့ပြီး တကွင်းကျေးရွာတွင်လည်း လက်ရှိအခြေအနေ တည်ငြိမ်နေသေးကြောင်း သိရသည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...