ဂျာမဏီနိုင်ငံရောက် မြန်မာနိုင်ငံသားများ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းပြသ

ဂျာမဏီနိုင်ငံရောက် မြန်မာနိုင်ငံသားများ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းပြသ

ဂျာမဏီနိုင်ငံရောက် မြန်မာနိုင်ငံသားများက အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ပြသရန် ဖရန်ဖို့ (Frankfurt) မြို့ရှိ အထင်ကရ နေရာတစ်ခုတွင် စုစည်းခဲ့ကြသည်။

"သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUG Government သည်သာ မြန်မာပြည်ကို ကိုယ်စားပြုကြောင်း သူတို့ကိုသာ လက်ခံပေးဖို့ လက်မှတ်တွေရေးထိုးခဲ့ကြပါတယ်။ ကောက်ခံရရှိတဲ့ လက်မှတ်များကို Bonn မြို့မှာရှိတဲ့ UN Office သို့ ပေးပို့သွားမှာဖြစ်ပါတယ်" ဟု ဦးဆောင်ကျင်းပသူတစ်ဦးက ဆိုသည်။

စက်တင်ဘာ ၁၂ ရက် မြန်မာစံတော်ချိန် ညနက်ပိုင်းက ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ကျဆုံးသွားသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမ တော်လှန်ရေးရဲဘော်များကို ငြိမ်သက်အလေးပြုခြင်းဖြင့် ဂုဏ်ပြုခဲ့ကြသည့်အပြင် တိုင်းရင်းသားရိုးရာသီချင်းများ သီဆိုခဲ့ကြသည်။

တိုင်းရင်းသား ၁၀၀ ဝန်းကျင်ခန့် ပါဝင်ဆင်နွှဲခဲ့ပြီး Raffel Ticket ဝယ်ယူထားသည့် တိုင်းရင်းသားများကိုလည်း လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

 
 

 

 

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...