ဒေါ်အောင်ဆန်းစုကြည် တရားခွင်အတွင်း ထိုင်နိုင်ခြင်းမရှိသည့် ကျန်းမာရေး အခြေအနေကြောင့် ယနေ့ ခွင့်တိုင်ကြား

ဒေါ်အောင်ဆန်းစုကြည် တရားခွင်အတွင်း ထိုင်နိုင်ခြင်းမရှိသည့် ကျန်းမာရေး အခြေအနေကြောင့် ယနေ့ ခွင့်တိုင်ကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရားခွင် အတွင်း ထိုင်နိုင်ခြင်းမရှိသည့် ကျန်းမာရေးအခြေအနေကြောင့် ယနေ့ ချိန်းဆိုထားသည့်ရုံးချိန်းကို မစစ်ဆေးဖြစ်ဘဲ ခွင့်တိုင်ကြားခဲ့ရကြောင်း ရှေ့နေအဖွဲ့ဝင်တစ်ဦးက ပြောသည်။

"ခေါင်းမူးတယ်ဗျာ။ ကားနဲ့လာရတဲ့အတွက်ခါတာကြောင့်လို့ ကားမစီးနိုင်ဘူးပြောတယ်။ အခြားရောဂါကြောင့်တော့မဟုတ်ပါဘူး။ ဒီမနက်မှ ဖြစ်တာပါ။ ထိုင်နိုင်တဲ့အခြေအနေမဟုတ်တဲ့အတွက် ရုံးချိန်းကိုမနက်ဖြန် ပြန်ချိန်းပေးဖို့ပြောတယ် ကျွန်တော်တို့ ခွင့်တိုင်ပေးလိုက်ပါတယ်"ဟု ဆိုသည်။

COVID-19 တတိယလှိုင်းကြောင့် ရုံးချိန်းကို ဇူလိုင်လအတွင်းမှစတင်ကာ နှစ်လကြာယာယီဆိုင်းငံထားရာမှ ယနေ့ ရုံးချိန်ကို စတင် ခေါ်ယူခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် မည်သည့်ဆရာဝန်နှင့်ပြသခွင့် ရမည်ဆိုခြင်းကို မသိရှိရသေးကြောင်း ၎င်းကဆိုသည်။

"ဒါကတော့ မသိသေးဘူးဗျ။ သူတို့စီစဉ်ပေးတဲ့ဆရာဝန်နဲ့ပဲပြရမယ်ထင်တယ်။ ဒါက သူတို့စီစဉ်ပေးရမယ့်ကိစ္စပါ"ဟုဆိုသည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်သမ္မတကြီး ဦးဝင်းမြင့် နှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့ကို စွဲဆိုခံထားရတဲ့ အမှုများအတွက် စက်တင်ဘာ ၁၄ ရက်ကို ပြန်လည်ချိန်းဆို ထားသည်။

နိုင်ငံခေါင်းဆောင်သုံးဦးကို သဘာဝဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မအပါအဝင်ဆက်သွယ်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ စသည့် ပုဒ်မများစွာဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

 
 

 

 

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...