ဆောမြို့နယ်ထဲတိုက်ပွဲ လက်နက်ကြီးပစ်ကူပေးသူ စစ်ကောင်စီတပ် ၅ ဦးသေ

ဆောမြို့နယ်ထဲတိုက်ပွဲ လက်နက်ကြီးပစ်ကူပေးသူ စစ်ကောင်စီတပ် ၅ ဦးသေ

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်ထဲက ကံချောင်းမှာ ယမန်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူပေးသူ ငါးဦးကျဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်များကို CDFs ၊ ယော၊ ဆော (PDF) ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

"စစ်ကောင်စီဘက်က ၆၀ မမ အချက်ပေါင်း ၁၀၀ ကျော်၊ ၄၀ မမ အချက် ၂၀၀ ကျော်အထိ အဆက်မပြတ် ပစ်ခတ်ခဲ့ပေမယ့် ကျွန်တော်တို့ပူးပေါင်းအဖွဲ့တွေမှာ ထိခိုက်ကျဆုံးမရှိဘူး၊ တိုက်ပွဲကလည်း ပိုမိုပြင်းထန်လာနိုင်တယ်လို့" CDF မင်းတပ်တောင်ပိုင်း စစ်ဗျူဟာမှူးက ပြောသည်။

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်ထဲမှာရှိသည့် စစ်ကောင်စီတပ်များနှင့် CDF (မင်းတပ်)၊ CDF (ကန်ပက်လက်)၊ PDF (ယော) နှင့် PDF (ဆော) ပူးပေါင်းထားတဲ့အဖွဲ့များ နေ့စဉ် တိုက်ပွဲထိတွေ့မှုများလည်းရှိနေပြီး စကစတပ်မှ စစ်ကားကိုးစီးအထိုင်ချထားသဖြင့် တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်သည်ဟုလည်း သိရသည်။

 
 

 

 

August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...