သပိတ်ကျင်းမြို့နယ်ရှိ မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

သပိတ်ကျင်းမြို့နယ်ရှိ မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

မန်းလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ကွင်း (၃၀) ကျေးရွာ ဘောလုံးကွင်းအနီးရှိ မိုင်တဲလ်တာဝါတိုင်အား ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက် ၂ နာရီဝန်းကျင်က မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း နီးစပ်ရာ ကျေးရွာသားများထံမှ သိရသည်။

"ဒီမနက် ၂ နာရီကျော်လောက်က ကြားလိုက်ရတာ၊ ဘယ်အဖွဲ့တွေက လုပ်သွားသလဲဆိုတာကိုတော့ မသိရသေးဘူး။ သေနတ်နှစ်ချက်လည်း ဖောက်တယ်။ တာဝါတိုင်စောင့်တဲ့ အစောင့်နှစ်ယောက်ကို ကြိုးနဲ့တုပ်ထားခဲ့ပြီး တာဝါတိုင် မိုင်းခွဲခံရတယ်လို့ ဒီမနက်မှသိရတယ်။ အခုဆိုရင် မိုင်တဲလ်ဖုန်းလိုင်းလည်း ပြတ်တောက်သွားပြီ။ တယ်လီနောလိုင်းရောပါတယ် ဖုန်းပြောလို့လည်း အဆင်မပြေတော့ဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့များ လုံခြုံရေးအင်အား တိုးမြှင့်ထားကြောင်း သိရသည်။

အလားတူပင် ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က သပိတ်ကျင်းမြို့နယ် လေးမိုင်ကျေးရွာအနီးရှိ စစ်‌ကောင်စီအပိုင် မိုင်တဲလ်တာဝါတိုင်တစ်ခုကို မိုင်းခွဲဖျက်ဆီးမှု ဖြစ်ပွားခဲ့‌သေးသည်။

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...