ပျောက်ဆုံးနေခဲ့သော ရွှေဘိုက မိတ်ကပ်ပညာရှင်ကို ၃ ရက်အကြာတွင် ရုပ်အလောင်းတွေ့ရှိ

ပျောက်ဆုံးနေခဲ့သော ရွှေဘိုက မိတ်ကပ်ပညာရှင်ကို ၃ ရက်အကြာတွင် ရုပ်အလောင်းတွေ့ရှိ

သုံးရက်ကြာပျောက်ဆုံးနေခဲ့သော ရွှေဘိုမြို့မှ မိတ်ကပ်အလှပြင်ပညာရှင်၏ ရုပ်အလောင်းကို ရေအိုင်တစ်ခုတွင် တွေ့ရှိခဲ့ကြပြီး ဓားဖြင့်ထိုးခံထားရဟန်ရှိသည့် ဒဏ်ရာတွေ့ခဲ့ရသည်ဟု မျက်မြင်သက်သေများ အပြောအရ သိရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ရန်ကြီးအောင်ကွက်သစ်ရပ်နေ အသက် ၂၂ နှစ်အရွယ် LGBT တစ်ဦးဖြစ်သူ မြင့်မြတ်အောင် (ခ) မပိုးပိုးဟန်သည် စက်တင်ဘာ ၆ ရက် နံနက် ၁၀ နာရီတွင် နေအိမ်မှ ထွက်သွားခဲ့ပြီး ပြန်မရောက်လာသဖြင့် မိသားစုဝင်တစ်ဦးက ရဲစခန်းတွင် လူပျောက်မှုဖြင့် တိုင်ချက်ဖွင့်ခဲ့သည်။

စက်တင်ဘာ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် ၎င်း၏ရုပ်အလောင်းကို စက်တင်ဘာ ၉ ရက် နေ့လည်ပိုင်းတွင် ရေဦးလမ်းထွက် ဥသျှစ်ကန်နားရှိ ကျွန်းတောထဲက ရေအိုင်၌ မှောက်လျက်အနေအထားဖြင့် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ရေအိုင်သို့ ဖားရှာထွက်သည့် ကလေးတစ်ဦးက အပုပ်နံ့ရ၍ အနီးနားမှသူများနှင့်အတူ သွားကြည့်ရာက ဦးခေါင်းတွင် တာယာကွင်းစွပ်ခံထားရပြီး နောက်ကျောတွင် ဓားထိုးသွင်းဒဏ်ရာတစ်ခု၊ လည်ပင်းညှစ်ခံထားရပုံရသည့် ဒဏ်ရာတို့ရှိနေသော ရုပ်အလောင်းကို မြင်တွေ့ခဲ့ရသည်ဟု ၎င်း၏ မိတ်ဆွေတစ်ဦးက မဇ္ဈိမသို့ပြောသည်။

သို့သော် မပိုးပိုးဟန်စီးနင်းသွားခဲ့သည့် မော်တော်ဆိုင်ကယ်နှင့်အတူ လက်ကိုင်ဖုန်း၊ နားကပ်နှင့် ၎င်းယူဆောင်သွားသည့် ငွေကျပ်တစ်သိန်းကျော် ပျောက်ဆုံးနေသည်ဟုဆိုသည်။

ရုပ်အလောင်းကို စက်တင်ဘာ ၉ ရက်နေ့တွင်ပင် သဂြိုလ်ခဲ့ပြီး ရွှေဘိုရဲကပင် အမှုဖွင့်တရားလိုလုပ်ကာ ဆက်လက်စုံစမ်းနေသည်ဟု သိရသည်။

မပိုးပိုးဟန်သည် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်ခဲ့သူလည်းဖြစ်သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...