NLD ပါတီဝင် နေအိမ်သို့ ပေးပို့လာသည့် ပါဆယ်ထုပ်မှ ဗုံးပေါက်ကွဲ

NLD ပါတီဝင် နေအိမ်သို့ ပေးပို့လာသည့် ပါဆယ်ထုပ်မှ ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးမင်းသိန်း၏နေအိမ်သို့ ပေးပို့လာသည့် ပါဆယ်ထုပ်မှ ဗုံးပေါက်ကွဲရာ၎င်းကို ဆေးရုံတင်ကုသထားရသည်ဟု သိရသည်။

စက်တင်ဘာ ၈ ရက် ညနေ ၃ နာရီ မိနစ် ၃၀ ခန့်က ဦးမျိုးမင်းသိန်း နေအိမ်တွင်ရှိစဉ် အမည်မသိသူတစ်ဦးက မြို့မှ ပါဆယ်ပို့လိုက်သည်ဟုဆိုကာ အထုပ်တစ်ထုပ်လာပေးပြီး ဆိုင်ကယ်မောင်းထွက်သွားခဲ့သည်။

ထို့နောက် မကြာခင် ပါဆယ်ထုပ်မှတဆင့် ပေါက်ကွဲမှုဖြစ်ပွားကာ ဦးမျိုးမင်းသိန်း၏ ဝမ်းဗိုက်နှင့် ခြေလက်များတွင် ဒဏ်ရာရရှိခဲ့ပြီး အတူနေမိသားစုဝင်တချို့လည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

ဦးမျိုးမင်းသိန်းသည် စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်မှ နှုတ်ထွက်ခဲ့သူဖြစ်ပြီး NLD ပါတီဝင်တစ်ဦးလည်းဖြစ်သည်။

ဦးမျိုးမင်းသိန်း၏ နေအိမ်ကို စစ်ကောင်စီတပ်များက လာရောက်စစ်ဆေးပြီးနောက် မည်သည့်သက်သေမျှ မတွေ့ရှိရဘဲ လက်လုပ်ဗုံးစမ်းသပ်ခြင်းကြောင့် ပေါက်ကွဲခဲ့ခြင်းဟုစွပ်စွဲကာ ၎င်းဆေးဝါးကုသနေစဉ် ဖမ်းဆီးထားရကြောင်း သိရသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...