လှိုင်မြို့နယ်တွင် လူအယောက် ၁၀၀ အဖမ်းခံရ

လှိုင်မြို့နယ်တွင် လူအယောက် ၁၀၀ အဖမ်းခံရ

လှိုင်မြို့နယ် (၁၃) ရပ်ကွက်အတွင်း ယမန့်နေ့ညက ဧည့်စာရင်းစစ်ဆေးရာ အမျိူးသား၊ အမျိူးသမီး စုစုပေါင်း အယောက် ၁၀၀ ဝန်းကျင် ဖမ်းခံရကြောင်း သိရသည်။

အသောကလမ်းနှင့် မဟာဆွေလမ်းရှိ နေအိမ်အများစုကို လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဧည့်စာရင်းတိုင်ထားသော်လည်း ရက်ကျော်နေသူများကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

"အသောကလမ်း တစ်လမ်းမှာပဲ အယောက်လေးဆယ်ကျော် ဖမ်းဆီးတာခံရတယ်" ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

အဖမ်းဆီးခံရသူများတွင် အမျိူးသမီးအရေအတွက် ပိုများကြောင်း အနီးအနားတွင် နေထိုင်သူများက ပြောသည်။

လှိုင်မြို့နယ်တွင် ဧည့်စာရင်းတိုင်ကြားလိုပါက ရပ်ကွက်ရုံးတွင် တိုင်ကြားခွင့်မရရှိဘဲ မြို့နယ်ရုံးအထိ သွားရောက်တိုင်ကြား‌‌နေရခြင်းဖြစ်သည်။

ယင်းမြို့နယ်ရုံးတွင်လည်း ဗုံးပေါက်ကွဲမည်ကို ကြောက်ရွံ့‌နေရ၍ အပြင်လူ၀င်ရောက်ခွင့် ပေးမထားကြောင်း သိရသည်။

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...