မြောင်က ၃ နာရီကြာတိုက်ပွဲတွင် စစ်ကောင်စီတပ် ၃ ဦးသေ

မြောင်က ၃ နာရီကြာတိုက်ပွဲတွင် စစ်ကောင်စီတပ် ၃ ဦးသေ

မြောင်မြို့နယ်အတွင်း သုံးနာရီခန့်ကြာတိုက်ပွဲတွင် စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး စစ်ကားတစ်စီးပျက်စီးသွားကြောင်း ကာကွယ်ရေးတပ်ဘက်ကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ မြစ်ဆုံရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ နံနက် ၉ နာရီမှစတင်ကာ ပစ်ခတ်မှုဖြစ်ပြီး မွန်းတည့်ချိန်အထိကြာမြင့်ခဲ့သည်။

"စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့အဆက်မပြတ်ထုလို့ ကျွန်တော်တို့တပ်ဆုတ်လိုက်ရတဲ့ အနေအထားပါ။ ကျွန်တော်တို့ဘက်က အကျအဆုံးမရှိပေမဲ့ သူတို့ဘက်က သုံး ယောက်ကျသွားတယ်။ စစ်ကားတစ်စီးကိုလဲ ဖောက်ခွဲလိုက်တာ ပျက်စီးသွားပါတယ်" ဟု ကာကွယ်ရေးတပ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယမန်နေ့က မြောင်မြို့နယ်၊ ပေါက်ချောင်းရွာ ရှိ PDF စခန်းကို စစ်ကောင်စီတပ်ဖွဲ့တပ်ကဝင်စီးခဲ့သေးသည်။ PDF အဖွဲ့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

 
 

 

 

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...