D-Day ကြေညာချက်အပြီး ရန်ကုန်အခြေအနေ

D-Day ကြေညာချက်အပြီး ရန်ကုန်အခြေအနေ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တော်လှန်ရေးကြေညာချက်ကြောင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်အားလုံးကို တပ်လှန့်ခိုင်းထားကြောင်း ခိုင်လုံသော တပ်အတွင်းသတင်းများအရ သိရသည်။

စက်တင်ဘာ ၅ ရက်ကတည်းက စစ်တပ်အများအပြားရှိသည့် မှော်ဘီမြို့နယ်ကို မာရှယ်လောအမိန့်ထုတ်ပြန်ခဲ့ပြီး ညပိုင်းတွင်လည်း သေနတ်ပစ်ဖောက်သံများကို ကြားရပြီး ယနေ့နံနက်တွင် ယခင်ကထက် လုံခြုံရေးပိုမိုတင်းကြပ်လာသည်ကို တွေ့ရသည်ဟု ဒေသခံများက ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီတပ်တိုင်းနီးပါးသည် လုံခြုံရေးကို အထူးသတိရှိရှိ စောင့်ကြပ်နေသည််ကို တွေ့ရသည်။

ဆေးရုံ၊ အစိုးရရုံးများ၊ မြို့တော်ခန်းမ၊ ဝန်ကြီးများရုံးနှင့် ရဲစခန်းရှေ့များတွင် လုံခြုံရေးများ ပုံမှန်အတိုင်းရှိနေသော်လည်း လမ်းကြားအချို့တွင် စစ်ကောင်စီတပ်ဖွဲ့အချို့ ကင်းလှည့်နေသည်ကိုလည်း တွေ့ရသည်။

သို့သော် D-Day မကြေညာခင်တည်းက ရန်ကုန်ရှိ မြို့နယ်အားလုံးတွင် စစ်ကောင်စီတပ်ဖွဲ့များ ခပ်စိပ်စိပ် ကင်းလှည့်နေခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့လူထုတုံ့ပြန်မှု

ယနေ့ နံနက်ပိုင်း NUG ကြေညာမှုအပြီး ရန်ကုန်မြို့လယ်တွင် အသွား/အလာများ ပုံမှန်တိုင်းလိုပင်ဖြစ်သည်။

ဘတ်စ်ကားလိုင်းများ ပုံမှန်ပြေးဆွဲပြီး ဈေးဆိုင်များလည်းဖွင့်ထားသည်။

ဈေးဝယ်စင်တာအချို့တွင် စားနပ်ရိက္ခာဝယ်သူများ ယခင်နေ့များကထက် ပိုများ‌နေသည်ကိုတွေ့ရသည်။

NUG ၏ ကြေညာမှုအပြီး တစ်နာရီခန့်အကြာ အနော်ရထာလမ်းဘက်တွင် ကားဟွန်းသံရှည်များဖြင့် အချို့ကားများက တီးသွားကြသည်ကို တွေ့ရသည်။

သန်လျင်မြို့ဘက်တွင် မြို့ခံပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် စစ်ကောင်စီတပ်တို့ ပစ်ခတ်မှုရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

သန်လျင်တံတားကို ပိတ်ရန်စီစဉ်နေသည်ဆိုသော ကောလာဟလသတင်းများလည်း ထွက်ပေါ်‌နေသည်။

 
 

 

 

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...