တောင်သမန် ကန်ပတ်လမ်းတွင် စစ်ကောင်စီကား ဗုံးခွဲခံရပြီးနောက် ယခုည လူငယ်များကို ၀င်ရောက်ဖမ်းဆီးနေ

တောင်သမန် ကန်ပတ်လမ်းတွင် စစ်ကောင်စီကား ဗုံးခွဲခံရပြီးနောက် ယခုည လူငယ်များကို ၀င်ရောက်ဖမ်းဆီးနေ

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမန် ကန်ပတ်လမ်းအနီးရှိ တရုတ်တန်းရပ်ကွက်ကို စစ်ကောင်စီတပ်များက စက်တင်ဘာ ၅ ရက် ည ၉ နာရီခန့်က ဝင်ရောက်စီးနင်းကာ လူငယ်များကို ရိုက်နှက်ဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။

ထိုနေရာသည် ယနေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီယာဥ်တစ်စီး ဗုံးခွဲခံရသည့် နေရာနှင့်အနီးတစ်ဝိုက်ဖြစ်သည်။

"အိမ်တွေ အကုန်ဖွင့်ခိုင်းတယ်။ မဖွင့်ရင် ပစ်မယ်လို့ပြောတယ်။ တချို့လည်း အရိုက်ခံရတယ်။ ဖမ်းခေါ်တာတွေလည်းရှိတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် ဖမ်းဆီးခေါ်ဆောင်သွားခံသည့် လူဦးရေကို မသိရှိရသေးပေ။ ရပ်ကွက်ထဲတွင် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့က ရှိနေသေးပြီး အခြားရပ်ကွက်များကိုလည်း ဝင်ရောက်ရှာဖွေစစ်ဆေးမှုများ လုပ်နေကြောင်း သိရသည်။

လတ်တလောတွင် မန္တလေးမြို့၌ ပေါက်ကွဲသံ သုံးကြိမ်ထက်မနည်း ကြားနေရကြောင်း ဒေသခံများက ဆိုသည်။

 
 

 

 

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...