PAFD ၏ ပထမဆုံး ဆေးတပ်သင်တန်းဆင်းပွဲ ပြုလုပ်

PAFD ၏ ပထမဆုံး ဆေးတပ်သင်တန်းဆင်းပွဲ ပြုလုပ်

လွတ်မြောက်နယ်မြေ တစ်နေရာတွင် စက်တင်ဘာ ၅ရက်က အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) ၏ ဆေးတပ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။

မြို့ပြ‌ပြောက်ကျား၊ ကျေးလက်‌ပြောက်ကျား စစ်သည်တော်များသည် တိုက်ခိုက်/တော်လှန်ရေးနည်းလမ်းအမျိုးမျိုးနှင့် တိုင်း/ခရိုင်/မြို့နယ် အသီးသီးတွင် ပြောက်ကျားတိုက်ခိုက်ရေး နည်းလမ်းများနှင့် ချိတ်ဆက်လုပ်ဆောင်နေချိန် ရဲဘော်များ ထိခိုက်ဒဏ်ရာနှင့် ကျန်းမာရေးလိုအပ်ချက်များအတွက် စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ပြီး သင်တန်းပေးခြင်း ဖြစ်သည်။

“သင်တန်းမှာ အခြေခံ ရှေးဦးသူနာပြုနည်းတွေ သင်ပေးတယ်။ ဒါအပြင် အရေးပေါ် ဖြစ်လာရင် ဘယ်လို နေရာမှာ ဘယ်ဆေးထိုးရမယ်ဆိုတာကို ကျွမ်းကျင် ဆရာဝန်တွေနဲ့ လက်တွေ့သင်ကြားတာတွေ လုပ်ပေးတယ်” ဟု အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အခုသင်တန်းသည် အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က ပေးသည့် ပထမဆုံး ဆေးတပ်သင်တန်းဖြစ်ပြီး နောက်တွင်လည်း သင်တန်းဆက်ပေးသွားမည်ဖြစ်သည်။

 
 

 

 

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...