စစ်ကောင်စီတပ်က ဟားခါးမြို့အိမ်ယာဖော်ဆောင်နေသည့်လုပ်ငန်းခွင်မှ လုပ်သားများကို ရဟတ်ယာဉ်ဖြင့်ပစ်ခတ်

စစ်ကောင်စီတပ်က ဟားခါးမြို့အိမ်ယာဖော်ဆောင်နေသည့်လုပ်ငန်းခွင်မှ လုပ်သားများကို ရဟတ်ယာဉ်ဖြင့်ပစ်ခတ်

ချင်းပြည်နယ် ဟားခါးမြို့နယ် ဂေါက်ကွင်းအောက်ဖက်ရှိ အိမ်ယာစီမံကိန်း လုပ်ငန်းခွင်မှ မီးကြိုးသွယ်တန်းခြင်းလုပ်ငန်း လုပ်ကိုင်နေသည့် အလုပ်သမားများကို ယမန်နေ့နေ့လည် ၁ နာရီခန့်က စစ်ကောင်စီတပ်များမှ မြေပြင်အင်အား ၆၀ ဝန်းကျင်နှင့် ရဟတ်ယာဉ်ပေါ်မှ စက်သေနတ်များဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါနေရာသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဧရိယာ ၆၇၆.၄၅ ဧကအတွင်း မဲနှိုက်စနစ်ဖြင့် အုပ်စုသုံးစုခွဲပြီး အများပြည်သူများကို အိမ်အကွက်ချပေးထားသည့် နေရာဖြစ်ကြောင်း သိရသည်။

"ကျွန်တော်က အလုပ်ရှိလို့ လိုက်လာခဲ့တာ။ ကျွန်တော်တို့လူငယ်တွေ ၂၀ ဝန်းကျင်ရှိမယ်။ မီးကြိုးတွေသွယ်ရတာ။ မီးလိုင်းတွေဆွဲရတယ် နေ့စားနဲ့ပဲ။ အဲဒီမှာ ဂေါက်ကွင်းအောက်ဖက်ကနေ စစ်သားတွေ ၆၀ ကျော်လောက်ရှိမယ် တက်လာပြီးပစ်တာ။ ပြီးတော့မှ ရဟတ်ယာဉ်တစ်စီးလာပြီး အပေါ်ကနေပစ်တာ ကျွန်တော်တို့လည်းပြေးကြတာပေါ့။" ဟု အလုပ်သမားတစ်ဦးက ပြောသည်။

"ခြောက်ပစ်တာတော့မဟုတ်ဘူး။ ကျွန်တော်တို့ခေါင်းပေါ်တွေကနေ ကျည်ဆံတွေဖြတ်သွားတာဆိုတော့ တကယ်ပစ်တာ။ ကျွန်တော်တို့တွေကလည်း လူငယ်တွေပဲဆိုတော့ CDF နဲ့ မှားပစ်ကြတာထင်တယ်" ဟု ဆိုသည်။

သည့်အပြင် ယမန်နေ့ ည ၁၁ နာရီခန့်မှစတင်ပြီး ဟားခါးမြို့တွင်း ချင်းဦးစီးရပ်ကွက်ဘက်တွင် သေနက်ပစ်ခတ်သံတွေ အဆက်မပျက် ထွက်ပေါ်နေကြောင်းလည်း သိရသည်။

 
 

 

 

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...