မြောင်မြို့နယ်တွင် စစ်ကောင်စီသတင်းပေးဟု ကျော်ကြားသူ အသတ်ခံရ

မြောင်မြို့နယ်တွင် စစ်ကောင်စီသတင်းပေးဟု ကျော်ကြားသူ အသတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် ဆူးလေးကုန်းကျေးရွာမှ စစ်ကောင်စီ သတင်းပေးဟု အမည်ထွက်နေသူ အသက် ၂၀ အရွယ် ကိုဖြိုးဇာတိမော်သည် စက်တင်ဘာ ၂ ရက် ညပိုင်းက အသတ်ခံလိုက်ရကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ကိုဖြိုးဇာတိမော်၏ အလောင်းကို သတ်ဖြတ်သူများက ယူဆောင်သွားကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“ကောင်လေးက အသက်တော့ နည်းနည်းငယ်သေးတယ်။ သူက စစ်ကောင်စီကို သတင်းပေးလို့ သတ်ခံရတာ တစ်ခါတည်းအလောင်းတောင် ချန်မထားခဲ့ဘူး။ ယူသွားတယ်လို့ကြားတယ်။ စစ်တပ်တွေလာရင် ရှုပ်မှာစိုးလို့ အလောင်းပါ တစ်ခါတည်းယူသွားတယ်လို့ကြားတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဒေသခံများ၏အဆိုအရ အသတ်ခံရသူ ကိုဖြိုးဇာတိမော်သည် စစ်ကောင်စီကို သတင်းပေးနေသည့်အပြင် ရပ်ရွာအတွင်း ရမ်းကားဆဲဆိုနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ဆူးလေကုန်းကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးမှု မပြုသေးသည့်အတွက် ကျေးရွာမှာ တည်ငြိမ်‌အေးချမ်းနေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ကိုဖြိုးဇာတိမော်ဆိုသူကို မိမိတို့အဖွဲ့က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မြင်းခြံ နှလုံးလှလူမိုက်ကြီးများအဖွဲ့က ၎င်းတို့ဖေ့စ်ဘွတ်စာမျက်နှာတွင် အသိပေးရေးသားထားသည်။

“ဆူးလေးကုန်းကျေးရွာတွင် နေထိုင်သော ဖြိုးဇာတိမော်သည် ကျေးရွာလူထုအား စိန်ခေါ်ရမ်းကားရုံသာမက မဟုတ်မမှန်သော သတင်းများကို စကစထံ သွားရောက်သတင်းပို့နေသောကြောင့် ကျေးရွာလူထု အေးချမ်းသာယာရေးအတွက် နှလုံးလှလူမိုက်ကြီးများအဖွဲ့မှ စက်တင်ဘာ ၂ ရက် ည ၁၂ နာရီခန့်က သုတ်သင် ရှင်းလင်းခဲ့သည်။ ထို့နောက် ကျေးရွာလူထု မထိခိုက်စေရေးအတွက် အလောင်းပါ ယူဆောင်ရှင်းလင်းခဲ့သည်” ဟု နှလုံးလှလူမိုက်ကြီးများအဖွဲ့က ရေးသားထားသည်။

ထို့ပြင် သတ်ဖြတ်ခံရသူ၏ ပထွေး‌တော်စပ်သူသည် စစ်ကောင်စီအလိုကျ ရပ်ရွာလူထုအပေါ် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ကို ရပ်တန့်ရန်နှင့် ရပ်တန့်မှုမရှိပါက သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့က သတိပေးထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက် ညပိုင်းကလည်း ဆူးလေးကုန်းကျေးရွာအနီးရှိ သုခဒီပကျေးရွာ (ဒေသအခေါ် သူဌေးကုန်းကျေးရွာ) တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိန်သည် ခေါင်းဖြတ်အသတ်ခံခဲ့ရသည်။

 
 

 

 

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...