ဆေးခါးကြီးပင်ဖြင့် Covid-19 ရောဂါကာကွယ်ဆေး ဖော်စပ်ကြရန် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ညွှန်ကြား

ဆေးခါးကြီးပင်ဖြင့် Covid-19 ရောဂါကာကွယ်ဆေး ဖော်စပ်ကြရန် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ညွှန်ကြား

မြန်မာ့တိုင်းရင်းဆေးများတွင် အသုံးပြုသည့် ဆေးခါးကြီးပင်များဖြင့် Covid- 19 ရောဂါကာကွယ်ဆေးများ ဖော်စပ်ကြရန် စစ်ကောင်စီခန့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ညွှန်ကြားလိုက်သည်။

စက်တင်ဘာ ၂ ရက်က ပြုလုပ်သည့် Covid- 19 ရောဂါ ကာကွယ်ကုသရေးဆိုင်ရာ စစ်ကောင်စီအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

“မာဓဝနိဒါန်း ဆေးကျမ်းတွင်လည်း ဝိသမအဖျားအမျိုးမျိုးအတွက် ဆေးခါးကြီးပါဝင်သော တိုင်းရင်းဆေးဖုံဖြင့် ဖော်စပ်အသုံးပြုထားသည်ကိုတွေ့ရကြောင်း၊ ထိုကဲ့သို့သော တိုင်းရင်းဆေးများကို ပြန်လည်ဖော်ထုတ်၍ ကိုဗစ်-၁၉ ရောဂါတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်သင့်ကြောင်း” ဟု ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။

ထိုဆေးခါးကြီးပင်ဖြင့် ထုတ်လုပ်မည့် Covid-19 ရောဂါကာကွယ်ဆေးသည် အသုံးပြုရာတွင် ထိရောက်မှုရှိပါက ရေရှည်အသုံးပြုနိုင်ရန်အတွက် ဆေးခါးကြီးပင်များကို အဆင့်မြင့်နည်းပညာဖြင့် အမြောက်အမြား စိုက်ပျိုးထုတ်လုပ်ထားရန်လည်း ဒေါက်တာသက်ခိုင်ဝင်းက ညွှန်ကြားခဲ့သည်။

Covid-19 ဆေးသုတေသနပြုလုပ်ရာတွင် ဆေးသုတေသနနှင့် စစ်ကောင်စီ ဆေးသုတေသနတပ်တို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ပြည်သူ သန်း ၅၀ စာအတွက် Covid-19 ကာကွယ်ဆေးကို ပြည်ပနိုင်ငံများကပဲ ဝယ်ယူနေရပါက တိုင်းပြည်မွဲသွားမည်ဟုဆိုကာ တိုင်းရင်းဆေးများဖြင့် Covid-19 ကာကွယ်ဆေး ဖော်စပ်ကြရန် ညွှန်ကြားထားသည်။

 
 

 

 

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...