ပုသိမ်မြို့ စိုက်ပျိုးရေးရုံးရှေ့တွင် ဗုံးပေါက်ကွဲ

ပုသိမ်မြို့ စိုက်ပျိုးရေးရုံးရှေ့တွင် ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ကမ်းနားလမ်း ထုံးဖိုရပ်ကွက်ရှိ တိုင်းစိုက်ပျိုးရေးရုံးရှေ့တွင် ယနေ့ စက်တင်ဘာ ၂ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖောက်ခွဲမှုကို ပုသိမ်မြို့ပြ ပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်‌ကြောင်း ၎င်းအဖွဲ့ဝင်တစ်ဦးက မဇ္စျိမကို ပြောသည်။

"ကျွန်တော်တို့အဖွဲ့က ဖောက်ခွဲခဲ့တာလို့အတည်ပြုပါတယ်။ ကမ်းနားလမ်း ထုံးဖိုနဲ့ ရေတပ်နားက တိုင်းစိုက်ပျိုးရေးရုံးရှေ့မှာ ဖောက်ခွဲခဲ့တာပါ။ ထိခိုက်ဒဏ်ရာရလား မရလားတော့ အတိအကျမသိရသေးဘူး" ပုသိမ်မြို့ပြ ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (STF PATHEIN) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုသိမ်မြို့တွင် စစ်ကောင်စီအာဏာသိမ်းယူပြီးနောက်ပိုင်း ပုသိမ်မြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့က ၁၃ ကြိမ်အထိ ဗုံးဖောက်ခွဲခဲ့ပြီး ယနေ့မနက် ဗုံးပေါက်ကွဲမှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက စိုက်ပျိုးရေးရုံးအနီးတွင် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 
 

 

 

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...