ရေးမြို့နယ် ချောင်းတောင်အနီး စိတ်ကြွရူးသွပ်ဆေး ၂၉၀၀ ပြား ဖမ်းဆီးမိ

ရေးမြို့နယ် ချောင်းတောင်အနီး စိတ်ကြွရူးသွပ်ဆေး ၂၉၀၀ ပြား ဖမ်းဆီးမိ

ရေးမြို့နယ် ချောင်းတောင်-ကလော့ကျေးရွာသွားကားလမ်းပေါ်၌ ရေးမြို့အခြေစိုက် မူးယစ်အထူးတပ်ဖွဲ့တပ်စု (၃၉) သည် ယမန်နေ့ညနေ ၅ နာရီခွဲအချိန်ရှောင်တခင် ပိတ်ဆို့စစ်ဆေးနေစဥ် ဆိုင်ကယ်စီးလာသော ဇီးဖြူသောင်ကျေးရွာနေသူတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေး ၂၉၀၀ ပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ကလော့ကျေးရွာမှ Honda Wave 110 အမျိုးအစား (နံပါတ်ပြားမပါ) ဆိုင်ကယ်စီးလာသူ ရှိင်းငယ်ငယ် (ခ) ကြောင်မီးဖုတ် (ကျား) ထံမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေး ၂၀၀ ပြားပါ ၁၄ ထုပ်နှင့် ၁၀၀ ပြားပါ ၁ ထုပ် စုစုပေါင်း ကာလတန်ဖိုးအားဖြင့် ငွေကျပ် ၁၄၅ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းဖြစ်သည်။

“ကလော့ရွာမှာ မူးယစ်ဆေးဝါးသွားယူခဲ့ပြီး သူ့ရွာဇီးဖြူသောင်ဘက်ကို ပြန်လာရင်း လမ်းမှာတိုက်ဆိုင်လို့ ဖမ်းမိတာပါ၊ အသက် ၁၉ နှစ်ပဲရှိသေးတယ်ဆိုတော့ သူ့နောက်မှာ ဆရာကြီးတွေရှိနေမှာပါ၊ ဒါဆိုရင် ကလော့ရွာက ဘယ်သူ့ဆီမှာ ဒီမူးယစ်ဆေးကိုဝယ်ယူပြီး ဇီးဖြူသောင်က ဘယ်သူ့တွေဆီ ဘယ်လိုဘယ်ပုံဖြန့်နေကြသလဲဆိုတာ စစ်ဆေးလိုက်ရင် မပေါ်နိုင်စရာအကြောင်းမရှိပါဘူး” ဟု မူးယစ်ဆေးဝါးအရေး စောင့်ကြည့်ရေးလေ့လာနေသူ ရေးမြို့ခံတစ်ဦးက ဆိုသည်။

စိတ်ကြွရူးသွပ်ဆေးပြာများလက်ဝယ်တွေ့ရှိသူ ရှိင်းငယ်ငယ် (ခ) ကြောင်မီးဖုတ် (ကျား) အသက် ၁၉ နှစ် (မှတ်ပုံတင်မရှိ) လူမျိုး-မူဆလင်၊ အလုပ်အကိုင်-ကျဘမ်း (ဘ) ဦးမိုးကျော်ဆိုသူအား ရေးမြို့မရဲစခန်း၌ မယ(ပ) ၅၀/၂၀၂၁ မူး/စိတ်ပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးလျက်ရှိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အလားတူ တနင်္သာရီတိုင်း မြိတ်မြို့နယ်၊ ကန်ကြီးရပ်ကွက်၊ ကမ်းနားလမ်း၊ သစ်ယာဝ ရေဆိပ်အနီးတွင် သြဂုတ်လ ၃ဝ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က စိတ်ကြွရူးသွပ်ဆေးပြား ၃ဝဝဝဝ ပြား (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၉ဝဝ သိန်း) အား အောင်ညီလင်း(၄၁)နှစ်နှင့် သန့်ဇင်ဦး(ခ)သားကြီး(၄၁)နှစ်တို့ နှစ်ဦးဆိုင်ကယ်ဖြင့် ပူးပေါင်းသယ်ဆောင်လာသည်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ထို့အပြင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အရှေ့သိမ်လမ်းမကြီး ပေါ်တွင် သြဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီခွဲအချိန်က မြိတ်မြို့မရဲစခန်းမှ ပူးပေါင်းအဖွဲ့သည် တင်လင်းဦး စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉ဝဝဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၇ဝ သိန်း) တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ မြိတ်တောင်နယ်မြေ၊ ထားဝယ်ကမ်းရပ်ကွက်နေ ကျော်ဇင်လတ် (ခ) ခိုင်ငယ် အားလည်းကောင်း၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ တင်လင်းဦး ၏နေအိမ်တွင် ပြည့်ဖြိုးအောင် (ခ) ကိုဦး အားလည်းကောင်းထပ်မံဖမ်းဆီးရမိခဲ့သဖြင့် တင်လင်းဦး (၃၈) နှစ်၊ ကျော်ဇင်လတ် (ခ) ခိုင်ငယ် (၄ဝ) နှစ်နှင့် ပြည့်ဖြိုးအောင် (ခ) ကိုဦး (၃ဝ) နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း CCDAC MYANMAR သတင်းတွင် ဖော်ပြသည်။

 
 

 

 

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...