စားဝတ်နေရေး အခက်ကြုံနေသည့် မိသားစုများအတွက် စားနပ်ရိက္ခာထောက်ပံ့ရန်သွားသည့် မေတ္တာရှင်ပရဟိတအဖွဲ့ကို စစ်တပ်ကတားဆီး

စားဝတ်နေရေး အခက်ကြုံနေသည့် မိသားစုများအတွက် စားနပ်ရိက္ခာထောက်ပံ့ရန်သွားသည့် မေတ္တာရှင်ပရဟိတအဖွဲ့ကို စစ်တပ်ကတားဆီး

ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအခက်အခဲဖြစ်နေသည့် အမ်းမြို့နယ်၊ ဒါးလက်အုပ်စုမှ အိမ်ထောင်စု (၂၀၀) ကျော်အတွက် စားနပ်ရိက္ခာများ ကူညီထောက်ပ့ံပေးရန်သွားသည့် မေတ္တာရှင်ပရဟိတအဖွဲ့ကို ယနေ့ သြဂုတ်လ ၂၇ ရက်နေ့တွင် အမ်းမြို့နယ်ရှိ ခမရ (၃၇၃) တပ်ရင်းစစ်ဆေးရေးဂိတ်မှ ဖြတ်သွားခွင့်မပြုကြောင်း တားမြစ်ခံရသည့်ပရဟိတအဖွဲ့ထံမှ သိရသည်။

(၃၇၃) တပ်ရင်းသည် အမ်းမြို့နယ်ရှိ စစ်တွေ-ရန်ကုန် ကားလမ်းဘေးတွင်ရှိပြီး အဆိုပါတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက မြို့နယ်အုပ်ချုပ်ရေးမှူးခွင့်ပြုချက်ရမှ သွား၍ရမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု မေတ္တာရှင်ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ကိုစိုးဝင်းက DMG ကိုပြောသည်။

“သူတို့ပြောတာက မြို့နယ်အုပ်ချုပ်ရေးမှူးဆီက သွားပြီးခွင့်ပြုချက်တွေတောင်းလိုက်ပါလို့ပြောတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်ပြုချက်ပါမှ သွားလို့ရမယ်။ နယ်လုံဝန်ကြီး ခွင့်ပြုချက်ပါမှသွားလို့ရမယ်လို့ ပြောတယ်။ ဆိုတော့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့သွားတွေ့တယ်။ သူကလည်း ခွင့်ပြုချက်မပေးဘူး။ တပ်ပိုင်းဆိုင်ရာနဲ့ ချိတ်ဆက်မှုလုပ်ရမယ်၊ အထက်ကို စာတွေတင်ရမယ်လို့ပြောတယ်” ဟု သူကဆိုသည်။

ဒါးလက်ချောင်းအုပ်စုမှ ကိုဗစ်ကာလတွင် စားဝတ်နေရေးမပြေလည်သည့် ချင်းတိုင်းရင်းသားများက အခက်အခဲဖြစ်နေကြောင်း အကူအညီလှမ်းတောင်းလာသည့်အတွက် အိမ်ထောင်စု (၂၀၀) ကျော်အတွက် ဆန်၊ ဆား၊ ငပိ၊ ဟင်းချိုမုန့်များကို ကူညီထောက်ပံ့ရန်သွားခြင်းဖြစ်သည်ဟု ကိုစိုးဝင်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမ်းမြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်ကို DMG မှ ဆက်သွယ်မေးမြန်းရာတွင် ခွင့်ပြုချက်ယူခိုင်းသည့်တပ်ကိုသာ ဆက်သွယ်ရန်ပြောဆိုသည်။

ယခုကိစ္စအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

ပြည်သူများ အတိဒုက္ခရောက်နေသည့်အချိန်တွင် ပရဟိတလူမှုအဖွဲ့များကို လွတ်လပ်စွာသွားလာပိုင်ခွင့်၊ ကူညီပေးပိုင်ခွင့်မရှိခြင်းသည် အစိုးရအနေဖြင့် ပြည်သူလူထု၏အခက်အခဲများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟုခံစားမိကြောင်း ကိုစိုးနိုင်က ပြောသည်။

“ကျနော်တို့က မရှိတဲ့သူတွေကို သွားပြီးတော့ဖေးမတယ်၊ ကူညီတယ်။ အမှန်တကယ်တမ်းကျတော့ ပြည်သူရဲ့အစိုးရက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ရမယ်၊ အဲဒါတွေကို မကာကွယ်နိုင်တဲ့အစား ပရဟိတလုပ်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေကို ကူညီခွင့်မပေးတာကို တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်” ဟု သူကပြောသည်။

ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေသောကြောင့် လက်လုပ်လက်စား အခြေခံလူတန်းစားများမှာ လုပ်ငန်းများရပ်နားထားရသည့်အတွက် စားဝတ်နေရေးအခက်အခဲများနှင့်ရင်ဆိုင်နေကြရသည်။

ထို့ကြောင့် ကိုဗစ်ကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေသည့် အခြေခံလူတန်းစားများမှာ စားဝတ်နေရေး လိုအပ်ချက်များစွာရှိိနေကြသည်။

 
 

 

 

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...