စစ်တွေမြို့ကို ကာကွယ်ရန် စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့် ထပ်မံဖြည့်တင်း

စစ်တွေမြို့ကို ကာကွယ်ရန် စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့် ထပ်မံဖြည့်တင်း
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု

ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁,၀၀၀ ခန့် ထပ်မံဖြည့်တင်းထားကြောင်း ခိုင်လုံသည့် မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ စစ်အင်အားကို ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ ရေကြောင်းမှတစ်ဆင့် ပို့ဆောင်ထားခြင်းဖြစ်ပြီး စစ်တွေမြို့ အခြေစိုက် ခမရ (၃၅၄)၊ ခလရ (၃၄၄) နှင့် ခလရ (၂၃၂) တပ်ရင်းများတွင် နေရာချထားသည်။

ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက “ရေတပ်ကနေ တပ်ရင်းတွေကို အင်အားထပ်ပို့ထားတယ်။ ပစ (ပြည်သူ့ စစ်မှုထမ်း)တွေ များတယ်။ ရိုးရိုးကမ်းထိုးရေယာဉ်တွေနဲ့ လာပို့တာ။ ဘယ်နေရာ ဘယ်လောက်ခွဲတယ်ဆိုတာ တော့ မသိရဘူး” ဟု DMG သို့ ပြောသည်။

ထိုသို့ မြေပြင် စစ်အင်အားဖြည့်တင်းမှုအပြင် ရေတပ်အင်အားကိုလည်း တိုးချဲ့ထားပြီး လက်ရှိ ရွှေမင်းဂံ ရေတပ် အနီးတွင် စစ်ရေယာဉ်အများအပြား နေရာချထားကြောင်း ဆိုသည်။

စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) က ဝန်းရံပိတ်ဆို့တိုက်ခိုက်နေသဖြင့် စစ်အုပ်စုတပ်ဘက်က အင်အား အလုံးအရင်း ဖြည့်တင်းထားသည့်အပြင် မြို့တွင်းနှင့် မြို့ပတ်ပတ်လည်တို့၌လည်း ခံစစ် အခိုင်အမာ ပြင်ဆင် ထားသည်။

လက်ရှိ စစ်တွေမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲပြင်းထန်ခြင်း မရှိသေးသော်လည်း မကြာခဏဆိုသလို အပြန် အလှန် လက်နက်ကြီး ပစ်ခတ်မှုများရှိနေသည်။

AA နှင့် နီးစပ်သူတစ်ဦးက “တိုက်ပွဲကတော့ ငြိမ်နေသေးတယ်။ တစ်ခါတလေ အပြန်အလှန် လက်နက်ကြီး ပစ်တာလောက်ပဲပေါ့။ လောလောဆယ် ထိတွေ့တိုက်ပွဲတော့ မရှိဘူး။ ဒါပေမဲ့ စစ်တပ်ကတော့ ရေကြောင်း ကိုပါ အင်အားထပ်ဖြည့်တာ တွေ့ရတယ်။ တိုက်ပွဲပြင်းလာနိုင်တဲ့ အနေအထားရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာအနီးသို့ အာရက္ခတပ်တော်ဘက်မှ ချဉ်းကပ်ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရှိခဲ့သည်။

လက်ရှိ စစ်တွေမြို့နယ် စစ်ရေးအခြေအနေမှာ နှစ်ဖက်တပ်များ အင်အားအလုံးအရင်း ဖြည့်တင်း စစ်ဆိုင်ထားသဖြင့် တိုက်ပွဲများ အချိန်မရွေး ပြင်းထန်လာနိုင်ကြောင်း စစ်ရေးအကဲခတ်သူများက သုံးသပ်ထားကြသည်။

Most read this week

September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...
ဓာတ်ပုံ - (DMG / သရုပ်ပြပုံ။)
September 15, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှု...
စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...
ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...