မောင်တောတွင် ဆီဘောက်ဆာယာဉ်ဖြင့် သယ်ဆောင်လာသည့် မူးယစ်ဆေးဝါး အမြောက်အများဖမ်းမိ

မောင်တောတွင် ဆီဘောက်ဆာယာဉ်ဖြင့် သယ်ဆောင်လာသည့် မူးယစ်ဆေးဝါး အမြောက်အများဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ကျီးကန်းပြင်စစ်ဆေးဂိတ်တွင် သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဆီဘောက်ဆာယာဉ်ဖြင့်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးအမြောက် အများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းမိသည့်အထဲတွင် wy စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ICE များပါဝင်ကြောင်း ကျီးကန်းပြင်စစ်ဆေးဂိတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

"ဆီဘောက်ဆာယာဉ်ကနေဖမ်းမိတာ။ ဆီမထည့်ထားဘဲ အဝါရောင် ပီနံအိတ်နဲ့ထည့်ထားတဲ့ wy စာတမ်းပါ စိတ်ကြွဆေးနဲ့ ICE တွေ ရှာဖွေတွေ့ရှိတာဖြစ်တယ်" ဟု ၎င်းကဆိုသည်။

ဆီဘောက်ဆာယာဉ်အား မသင်္ကာ၍ စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းဖြစ်သူ ထွက်ပြေးသွားခဲ့ပြီး ယာဉ်မောင်း၏ဇနီးဖြစ်သူသာ ကျန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆီဘောက်ဆာယာဉ်ထဲတွင် ပီနှံအိတ်များဖြင့် ထုတ်ပိုးထားသည့် wy ဆေးပြားစုစုပေါင်း (၅,၁၇၇၂၅၀) ပြား၊ ကာလတန်ဖိုး (၁၀,၃၅၄,၅၀၀,၀၀၀) ကျပ်နှင့် ICE (၀ ဒသမ ၈) ကီလိုဂရမ်၊ ကာလတန်ဖိုး (၁၆,၀၀၀,၀၀၀) ကျပ်၊ စုစုပေါင်း (၁၀,၃၇၀,၅၀၀,၀၀၀) ကျပ်တန်ဖိုးရှိ မူးယစ်ဆေးများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မောင်တောမြိုနယ်စခန်းမှူး ဒု-ရဲမှူးမြင့်ကျော်ဦးက "ဖမ်းတာက နယ်ခြားစောင့်ကဖမ်းတာဗျ။ စိတ်ကြွဆေးနဲ့ ICE ပါပါတယ်။ ဒရိုင်ဘာတော့ထွက်ပြေးပြီး သူဇနီးကိုဖမ်းမိထားတယ်လို့သိရတယ်" ဟု DMG ကိုပြောသည်။

ဖမ်းဆီးရမိသူ မေလေး(ခ)လှိုင်လှိုင်ဝေအားစစ်ဆေးချက်အရ ၎င်းတို့ဇနီးမောင်နှံမှာ အမှတ် (၁၆၇×၄၆) လမ်း၊ စက်မှုဇုန်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင်နေထိုင်ကြသူများဖြစ်ကြောင်း၊ ဆီဘောက်ဆာယာဉ်အား မောင်တောမြို့နယ်၊ တောင်ပြိုကျေးရွာသို့မောင်းနှင်ပို့ဆောင်ပေးရန် ယာဉ်မောင်းနှင်ခအဖြစ် ခင်ပွန်းဖြစ်သူအောင်ကျော် (ခ) ဂေါက်ကြီးအား (၂၅) သိန်းကျပ်၊ မေလေး(ခ)လှိုင်လှိုင်ဝေအား လမ်းပြခအတွက် (၁၅) သိန်းကျပ်နှင့် လမ်းရှင်းခ (၁၀) သိန်းကျပ်၊ စုစုပေါင်းကျပ်သိန်း (၅၀) ဖြင့် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

၎င်းတို့ဇနီးမောင်နှံမှာ မန္တလေးမှ ပဒါန်း-အမ်း-စစ်တွေ-အငူမော်-မောင်တော-ကြိမ်ချောင်းကားလမ်းအတိုင်း တောင်ပြိုသို့မောင်းနှင်လာခဲ့ကြောင်း သိရသည်။

လက်ရှိမှာ ထွက်ပြေးတရားခံ အောင်ကျော် (ခ) ဂေါက်ကြီးနှင့် ဖမ်းဆီးရမိတရားခံ မေလေး (ခ) လှိုင်လှိုင်ဝေတို့အား ပြင်ဖြူနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူရန်ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတရားခံ အောင်ကျော် (ခ) ဂေါက်ကြီးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

 
 

 

 

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...