AA ၏ တရားစီရင်ရေးနှင့် ကိုဗစ်ထိန်းချုပ်ရေးကိစ္စတို့ကို အသိပေးရန် ကျောက်ဖြူမြို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်ခေါ်ယူသတိပေးခြင်းမှာ မဖြစ်သင့်ကြောင်း AA ပြော

AA ၏ တရားစီရင်ရေးနှင့် ကိုဗစ်ထိန်းချုပ်ရေးကိစ္စတို့ကို အသိပေးရန် ကျောက်ဖြူမြို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်ခေါ်ယူသတိပေးခြင်းမှာ မဖြစ်သင့်ကြောင်း AA ပြော

ရက္ခိုင့်တပ်တော် (AA) ကပြုလုပ်သည့် တရားစီရင်ရေးကိစ္စများနှင့် ကိုဗစ်ထိန်းချုပ်ရေးစာများကပ်ပါက အသိပေးရန် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်မှ သြဂုတ်လ ၂၃ နေ့က ခေါ်ယူသတိပေးခြင်းမှာ လုံးဝမဖြစ်သင့်ကြောင်း AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက DMG သို့ပြောသည်။

အဆိုပါအုပ်ချုပ်ရေးမှူးများကို ကျောက်ဖြူနယ်မြေခံ ခလရ ၃၄ က ခေါ်ယူကာ ယင်းကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လို့သည် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ကျောက်ဖြူမှာရှိတဲ့ အုပ်ချုပ်ရေးမှူး ၁၆ ယောက်ကို အစည်းဝေးခေါ်တယ်။ အစည်းအဝေးခေါ်ပြီးတော့ AA လုပ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ စာကပ်မယ်ဆိုရင် အသိပေးရမယ်လို့ပြောတာတွေရှိပါတယ်” ဟု ၄င်းကဆိုသည်။

ရက္ခိုင့်တပ်တော် (AA) ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “ဒီဟာကတော့ လုံးဝမဖြစ်သင့်တဲ့ကိစ္စဘဲဗျ။ လုံးဝမလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် အခု ကျွန်တော်တို့ ULA/AA က ရခိုင်ပြည််မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့ရေးရာလုံခြုံရေးကိစ္စတွေ၊ နောက်ကိုဗစ်ထိန်းချုပ်ရေးကိစ္စတွေကို ကြိုးစားပြီးတော့ အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နေတယ်ဆိုတာက ရခိုင်ဒေသအတွင်းမှာ တရားမျှတမှုရရှိဖို့၊ ဥပဒေစိုးမိုးမှုရှိဖို့ နောက်ပြီးဒေသအတွင်း တည်ငြိမ်အေးချမ်းဖို့အတွက် ကျွန်တော်တို့လုပ်ဆောင်နေတာဖြစ်တယ်” ဟု ပြောသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA က ရခိုင်ပြည်အတွင်းနေထိုင်ကြသည့် ပြည်သူများအနေဖြင့် ဖြစ်ပွားသည့်အမှုအခင်းများကိုတိုင်ကြားနိုင်ကြောင်းနှင့် တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် သြဂုတ် ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ထုတ်ပြန်ပြီးနောက်တွင် ယခုကဲ့သို့ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူအသိပေးသည့်ကိစ္စ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ရခိုင်ပြည်အတွင်းက ဒေသအချို့တွင်လည်း စစ်တပ်က အင်အားဖြည့်တင်းလာမှုများရှိလာကြောင်း ဒေသခံများက ပြောဆိုသည်။

ရခိုင်တွင် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား ၂ နှစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ၂၀၂၀ ခုနှစ် နိုဝင်ဘာလကကျင်းပခဲ့သည့် ရွေးကောက်ပွဲမတိုင်မီကတည်းက နှစ်ဖက်နားလည်မှုဖြင့် ရခိုင်တွင်အပစ်ရပ်စဲထားသည်မှာ လက်ရှိတွင် ၁၀ လခန့် ကြာမြင့်လာပြီဖြစ်သည်။

လက်ရှိတွင် နှစ်ဖက်အခြေအနေတင်းမာမှုဖြစ်ပေါ်ကာ တိုက်ပွဲများပြန်ဖြစ်လာမည်ကို စိုးရိမ်မှုရှိနေကြပြီး ယခင်တိုက်ပွဲကာလအတွင်းက စစ်ဘေးရှောင်တစ်သိန်းကျော်မှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ဘဲရှိနေကြသေးသည်။

ကိုဗစ်ကပ်ရောဂါနှင့် မိုးတွင်းကာလတွင် ပြည်သူများစားဝတ်နေရေးအခက်အခဲများနေသည့်အချိန်တွင် ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြဿနာများမဖြစ်ရအောင် ရှောင်ရှားကြရန် မြေပြင်စစ်ရေးတပ်မှူးများကို ညွှန်ကြားထားကြောင်း သြဂုတ် ၁၅ ရက်နေ့က အာရက္ခမီဒီယာနှင့်အင်တာဗျုးအစီအစဉ်တွင် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းကူးစက်မှု ဆက်လက်ရှိနေသေးသည့်အတွက်လည်း ရောဂါကူးစက်ခံရသည့်အန္တရာယ်လုံးဝမရှိတော့သည့်အခြေအနေကိုရောက်ရှိရန် Stay at Home ကာလကို သြဂုတ်လ ၁၉ ရက်နေ့မှ သြဂုတ် ၂၅ ရက်နေ့အထိ နောက်ထပ်တစ်ပတ်ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်းလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ထုတ်ပြန်ထားသည်။

 
 

 

 

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...