ကိုဗစ်ပိုးတွေ့ရှိသူ မလျှောကျသေးသည့် ဂွမြို့နယ်ကို Stay at Home သတ်မှတ်ရန် စီစဉ်နေ

ကိုဗစ်ပိုးတွေ့ရှိသူ မလျှောကျသေးသည့် ဂွမြို့နယ်ကို Stay at Home သတ်မှတ်ရန် စီစဉ်နေ

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူနှင့် သေဆုံးသူအရေအတွက်မှာ ပြီးခဲ့သည့်အပတ်မှစတင်ကာ လျှော့နည်းလာသော်လည်း ဂွမြို့နယ်တွင် လျှော့နည်းသွားခြင်း မရှိသေးသည့်အတွက် သြဂုတ်လ ၂၅ ရက်နေ့မှစပြီး Stay at Home သတ်မှတ်ရန် ပြည်နယ်ကောင်စီမှ စီစဉ်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ မောင်တော၊ သံတွဲ၊ တောင်ကုတ်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ အမ်း၊ မြောက်ဦး၊ ရသေ့တောင်နှင့် မာန်အောင်မြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် ကိုဗစ်တတိယလှိုင်း ပထမသုံးလထက် ရောဂါပိုးတွေ့ရှိသူနှင့်သေဆုံးသူများ လျော့နည်းလာနေသည်။

သို့သော် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ လျော့ကျလာခြင်းမရှိသေးသည့် ဂွမြို့နယ်ကို Stay at Home သတ်မှတ်ရန်ဆောင်ရွက်နေကြောင်း ပြည်နယ်ကောင်စီ၏ သတင်းပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက DMG သို့ ပြောသည်။

“အရင်တော့ ကျောက်ဖြူနဲ့ဂွမြို့နယ်မှာ ကိုဗစ်ပိုးတွေ့ရှိသူက လျှော့ကျမှုမရှိသေးဘူး။ အခုတော့ ကျောက်ဖြူမှာလျော့ကျလာတဲ့အနေအထားကိုတွေ့ရတယ်။ သို့သော် ဂွမြို့မှာကျတော့ အခုအချိန်ထိလျော့ကျမှုမရှိသေးဘူး။ အဲဒါကြောင့် အဲဒီမြို့နယ်ကို ၂ ရက်စောင့်ကြည့်နေတယ်။ အဲဒီနှစ်ရက်ထဲမှာလည်း ပိုးတွေ့ရှိသူတိုးလာတယ်ဆိုရင် Stay at Home သတ်မှတ်ပြီးတော့ ဒေသန္တရအမိန့်ထုတ်ပြန်သွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင် မေလ ၁၂ ရက်နေ့မှ သြဂုတ်လ ၂၃ ရက်နေ့အထိ ၄ လခန့်အတွင်း ကိုဗစ်အတည်ပြုလူနာများထဲမှ သေဆုံးသူစုစုပေါင်း ၃၆၇ ဦးအထိရှိလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ယင်းသို့ ကိုဗစ်အတည်ပြုလူနာသေဆုံးမှုမှာ စစ်တွေတွင် (၉၂) ဦး၊ မောင်တော (၁၈) ဦး၊ သံတွဲ (၃၂) ဦး၊ တောင်ကုတ် (၆၅) ဦး၊ ဘူးသီးတောင် (၅) ဦး၊ ကျောက်တော် (၁၈) ဦး၊ မင်းပြား (၁၃) ဦး၊ ဂွ (၁၆) ဦး၊ ကျောက်ဖြူ (၃၆) ဦး၊ ရမ်းဗြဲ (၇) ဦး၊ ပုဏ္ဏားကျွန်း (၉) ဦး၊ ပေါက်တော (၁၁) ဦး၊ အမ်း (၁၂) ဦး၊ မြောက်ဦး (၁၄) ဦး၊ ရသေ့တောင် (၇) ဦးနှင့် မာန်အောင် (၁၂) ဦးတို့ဖြစ်ကြောင်း သိရသည်။

ကိုဗစ်စည်းကမ်းနဲ့ပတ်သက်ပြီး ပြည်သူလူထုများ စည်းကမ်းလိုက်နာရှိစေရန်နှင့် ကိုဗစ်စည်းကမ်း မလိုက်နာသူများကို တင်းကျပ်စွာ အရေးယူဆောင်ရွက်နေကြောင်း ဦးလှသိန်းက ပြောသည်။

ကိုဗစ်ရောဂါကူးစက်မှုများ ဆက်လက်ရှိနေသေးသည့်အတွက် ရောဂါကူးစက်ခံရသည့်အန္တရာယ် လုံးဝမရှိတော့သည့် အခြေအနေကိုရောက်ရှိရန်အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ stay at home ကာလကို သြဂုတ်လ ၁၉ ရက်နေ့မှ သြဂုတ် ၂၅ ရက်နေ့အထိ နောက်ထပ် (၁) ပတ်ခန့် ထပ်မံတိုးမြှင့်သတ်မှတ်ထုတ်ပြန်ထားသည်။

 
 

 

 

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...