ဘူးသီးတောင်မြို့နယ်တွင် စစ်သားတစ်ဦး အသတ်ခံရပြီး သေဆုံး

ဘူးသီးတောင်မြို့နယ်တွင် စစ်သားတစ်ဦး အသတ်ခံရပြီး သေဆုံး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သရက်ကင်းမနူး (မွတ်ဆလင်) ကျေးရွာအနီးတွင် သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက မြန်မာစစ်သားတစ်ဦး အသတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

အသတ်ခံရသည့် စစ်သားမှာ ဘူးသီးတောင်မြို့နယ် အခြေစိုက် (၅၅၂) တပ်ရင်းမှဖြစ်ပြီး သရက်ကင်း မနူးကျေးရွာအနီး တောင်ကုန်းကင်းစခန်းသို့သွားစဉ် အသတ်ခံရခြင်းဖြစ်သည်ဟု သရက်မကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလှအောင်က DMG ကို ပြောသည်။

"၈ နာရီမှာ ၅၆၅ တပ်ရင်းက ဖုန်းဆက်လာတယ်။ စစ်သားတစ်ယောက်ပျောက်သွားတယ် ရှာဖွေကြည့်ကြပါလို့ပြောလာတယ်။ မနက် ၁၀ နာရီလောက်မှာ သရက်ကင်းမနူး (မွတ်ဆလင်) ကျေးရွာဝင်ဝအနီးမှာ နောက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရတဲ့အလောင်း ရှာတွေခဲ့တာဖြစ်တယ်" ဟု ၎င်းကဆိုသည်။

လက်ရှိမှာ သေဆုံးသွားသည့် မြန်မာစစ်သား၏ အမည်ကို မသိရသေးပေ အသက်မှာ ၅၀ အရွယ်ခန့်ရှိကြောင်း သိရပြီး ၎င်းတွင်ပါသွားသည့် လက်နက်မှာလည်း ပျောက်ဆုံးချက်ရှိကြောင်း သိရသည်။

"နောက်ပြန်ကြိုးချည်နှောင် အသတ်ခံရပြီး သရက်မနူးချောင်းမှာ မျောနေတာလို့သိရတယ်။ အလောင်းရပြီး လက်နက်ရှာမသေးဘူးလို့လည်း သိရတယ်" ဟု ကင်းတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှသန်းမောင်ကဆိုသည်။

အဆိုပါ စစ်သားသဆုံးမှုနှင့်ပတ်သက်ပြီး သရက်ကင်မနူး (မွတ်ဆလင်) ကျေးရွာမှ တာဝန်ရှိသူနှင့် ရွာသားအချို့ကို စကခ (၁၅) တွင် ခေါ်ယူစစ်ဆေးလျက်ရှိကြောင်းလည်း သရက်ကင်းမနူးကျေးရွာအုပ်စု အုပ်ချုပ်ရေးထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျံအေးက "အုပ်ချုပ်ရေးပိုင်းကို သတင်းအချက်အလက်မတက်ဘူး" ဟု ပြောသည်။

မောင်တောမြို့နယ်တွင်လည်း မွတ်ဆလင်အချို့ ဖမ်းဆီးခံရမှုဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်လျက်ရှိကာ သြဂုတ်လ ၁၇ ရက်နေ့ကလည်း ပဒင်း (မွတ်ဆလင်) ကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသည့် မွတ်ဆလင်အချို့မှ ဖမ်းဆီးခေါ်ဆောင်သွားကာ နေအိမ်မှရွှေများကိုလည်း ယူဆောင်သွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

 
 

 

 

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...