ရခိုင်တွင် မိုးနည်းနေသော်လည်း မြစ်ရေ စိုးရိမ်ရေမှတ်ထက်ကျော်လာပြီး ရေကြီးမှုကြုံလာရနိုင်ကြောင်း မိုးဇလတာဝန်ရှိသူပြော

ရခိုင်တွင် မိုးနည်းနေသော်လည်း မြစ်ရေ စိုးရိမ်ရေမှတ်ထက်ကျော်လာပြီး ရေကြီးမှုကြုံလာရနိုင်ကြောင်း မိုးဇလတာဝန်ရှိသူပြော

လက်ရှိရခိုင်ပြည်နယ်တွင် မိုးနည်းနေသော်လည်း ကုလားတန်မြစ်နှင့် လေးမြို့မြစ်တို့တွင် စိုးရိမ်ရေမှတ်ထက်ကျော်လာပါကာ ရေကြီးမှုကြုံလာရနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

သတ်မှတ်ထားသည့် မြစ်ရေမြင့်တက်မှု စိုးရိမ်းရေမှတ်ထက် ကျော်လာပါကာ ရေကြီးမှုကြုံလာရနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ပြောသည်။

“ကျနော်တို့ ခန်းမှန်းထားတာကတော့ ဒီလကုန်အထိတော့ မြစ်ရေကတိုးလာဖို့ရှိတယ်။ ဒါပေမဲ့လက်ရှိမှာတော့ ရခိုင်မှာ မိုးရွာသွန်းမှုကအားနည်းနေတယ်။ မိုးလျော့နေတဲ့အနေထားဆိုတော့ ဒီလထဲမှာ စိုးရိမ်းရေမှတ်ကို ရောက်မယ့်အနေအထားတော့မရှိဘူး။ ဘာပဲဖြစ်ဖြစ်ပါ မိုးများလာရင်ရေကြီးလာနိုင်တယ်ဆိုတော့ အရေးကြီးတဲ့ စာရွက်၊ စာတန်းတွေနဲ့ လုပ်စရာရှိတာတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်” ဟု ဆိုသည်။

သြဂုတ်လအစောပိုင်းက လေးမြို့မြစ်ရေမြင့်တက်မှုကြောင့် နေအိမ်ပျက်စီးမှုများရှိခဲ့ပြီး လက်ရှိတွင် မိုးရွာသွန်းမှုအားနည်းနေသည့်အတွက် မြစ်ရေတည်ငြိမ်များရှိနေကြောင်း မင်းပြားမြို့ ပန်းမြောင်းကျေးရွာဒေသခံ ကိုစိုးနိုင်က DMG သို့ပြောသည်။

“ဒီလအစောပိုင်းကတော့ လေးမြို့မြစ်ရေကြီးလို့ ကျွန်တော်တို့ ပန်းမြောင်းအိမ်တွေပျက်စီးသွားတာတွေရှိတယ်။ လက်ရှိမှာတော့ မိုးကလည်းနည်းနေတာ့ ရေကြီးမှုတွေတော့မရှိပါဘူး။ ရေကြီးတုန်းကတော့ ကျွန်တော်တို့ရွာက အိမ်တွေ ၅ ဆောင်နီးပါး ပျက်စီးသွားတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဇူလိုင်၊ သြဂုတ်လများအတွင်း ရေကြီးမှုကြောင့် မောင်တော၊ သံတွဲ၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် အိမ်များ၊ လယ်များနှင့် တံတားများပျက်စီးမှုရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...