ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကိုဗစ်ဖြစ်ပွားမှုကို စောင့်ကြည့်ပြီး ရခိုင်က နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို ဖွင့်လှစ်မည်ဟုဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကိုဗစ်ဖြစ်ပွားမှုကို စောင့်ကြည့်ပြီး ရခိုင်က နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို ဖွင့်လှစ်မည်ဟုဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှုအခြေအနေကို စောင့်ကြည့်ပြီး ရခိုင်ပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ကောင်စီ၏ ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှသိန်းက DMG သို့ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်လူနာသေဆုံးမှု လျှော့ကျလာခြင်း၊ ပိုးတွေ့လူနာနည်းလာခြင်းနှင့် ဆေးရုံတွင်ကုသနေရသည့် ကိုဗစ်လူနာလျှော့ကျလာခြင်းများရှိသော်လည်း တစ်ဖက်ဘင်္ဂလားနိုင်ငံရှိ ကိုဗစ်အခြေနေကိုစောင့်ကြည့်နေရကြောင်း ၎င်းကဆိုသည်။

“ရခိုင်ပြည်နယ်မှာ ဘယ်လိုပဲလျှော့ကျနေပါစေ ကုန်စည်ကူးသန်းရောင်းဝယ်မယ့် အခြားနိုင်ငံမှာ ကိုဗစ်ဘယ်လောက်ထိဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့ကြည့်ပြီးမှ အဲ့ဒီဘက်ကိုကုန်ကူးသင့်၊ မကူးသင့် ဆုံးဖြတ်ရမှာဖြစ်တယ်။ ဒါကြောင့် အခုစောင့်ကြည့်မှုတွေပြုလုပ်နေပါတယ်” ဟု ဦးလှသိန်းကပြောသည်။

လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးလုပ်ဆောင်နေသည့် လှေသမားများကို ယခင်ကအသုံးပြုခဲ့သော Quarantine ထားသည့်နည်းထက် ပိုမိုအဆင်ပြေသောနည်းများဖြင့်ထားရှိကာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းဖွင့်လှစ်နိုင်ရန်အတွက် ဆောင်ရွက်နေကြောင်းလည်း ပြည်နယ်ကောင်စီက ဆိုသည်။

“အရင်တုန်းကတော့ နယ်စပ်ကုန်သွယ်ရေးက လှေသမားတွေကို ရေထဲမှာပဲထားခဲ့တယ်။ ပြီးတော့ အစိုးရကပဲ သူတို့ရဲ့စရိတ်တွေကို တာဝန်ယူခဲ့တယ်။ အခုတော့ သူတို့ကိုကုန်းပေါ်မှာထားပြီး အစားအသောက်စရိတ်ကို သူတို့ကိုခံခိုင်းရင်အဆင်ပြေမလားဆိုပြီး စဉ်းစားနေတာတွေရှိတယ်” ဟု ဦးလှသိန်းကပြောသည်။

ယခင်က ရခိုင်ပြည်နယ်တွင် ကိုဗစ်လူနာနှင့် အောက်ဆီဂျင်လိုအပ်မှုများရှိခဲ့သော်လည်း ယခုအခါတွင် ကိုဗစ်လူနာများလျော့ကျလာသည့်အတွက် ပြည်သူလူထု၏ စီးပွားရေးအဆင်ပြေစေရန် နယ်စပ်ကုန်သွယ်ရေးကို ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်းလည်း ကောင်စီကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သည့်လုပ်ငန်းဆိုင်ရာအခြေအနေများ (SOP) ကို ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းနေကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) မှ ဥက္ကဋ္ဌ ဦးတင်အောင်ဦးကဆိုသည်။

“ကုန်သည်အသင်းကတော့ နယ်စပ်ကုန်သွယ်ရေး ပြန်စတင်နိုင်ဖို့အတွက် ကြိုးပမ်းနေတာတွေရှိတယ်။ တကယ်လို့ နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်ရင်တောင် လုပ်ဆောင်ရမယ့်အချက်အလက်တွေကို ညှိနှိုင်းဆွေးနွေးတွေတာတွေတော့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ယခင်ကချမှတ်ထားသည့် ကိုဗစ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းဆောင်တာများအနက်မှ မည်သည်တို့ကိုပြုပြင်ရမည်ကို လက်ရှိတွင် ဆွေးနွေးနေသည့်အဆင့်တွင်သာ ရှိသေးကြောင်း UMFCCI မှ သိရသည်။

 
 

 

 

ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...