မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ညက ဖမ်းဆီခံ ပရဟိတသမား ၁၆ ယောက် ပြန်လွတ်လာ

မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ညက ဖမ်းဆီခံ ပရဟိတသမား ၁၆ ယောက် ပြန်လွတ်လာ

မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ညပိုင်းက စစ်‌ကောင်စီတပ်ဖွဲ့၀င်များက ပရဟိတဆောင်ရွက်နေသူ ၁၆ ဦးအား ဖမ်းဆီးသွားခဲ့ပြီး ယနေ့မနက်ပိုင်းတွင် ပြန်လည်လွတ်လာပြီးဖြစ်ကြောင်း အနီးရှိသတင်းပေးပို့လာသူက ဆိုသည်။

"ဖမ်းဆီးခံခဲ့ရတာ အားလုံးပေါင်း လူငယ် ၁၆ ယောက်ဖြစ်ပါတယ်။ ၁၆ ယောက်လုံး ပြန်လွတ်မြောက်လာပါပြီ" ဟု သတင်းပေးပို့သူက ဆိုသည်။

ယမန်နေ့ညက အဆိုပါပရဟိတ‌ ဆောင်ရွက်နေသူများအား စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးကာ သေနပ်ဖြင့်ချိန်ထားပြီး မိုးရေထဲတွင် ဒူးထောက်ထိုင်ခိုင်းထားသည့်ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံနှံလာခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် လူငယ်များမှာ ဝေဘာဂီ ၃ ရပ်ကွက်မှ လူငယ်များဖြစ်ပြီး သြဂုတ် ၁၅ ရက် ည ၉ နာရီမှ စတင်ကာဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

 
 

 

 

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...