ဖယ်ခုံမြို့နယ်အတွင်း PDF ပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ (၁၁) နာရီဝန်းကျင်အကြာ တိုက်ပွဲဖြစ်ပွားခဲ့

ဖယ်ခုံမြို့နယ်အတွင်း PDF ပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ (၁၁) နာရီဝန်းကျင်အကြာ တိုက်ပွဲဖြစ်ပွားခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်အကြား ပင်လုံကျေးရွာနဲ့ လွယ်ဟွဲကျေးရွာအနီးမှာ PDF ပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ (၁၁) နာရီဝန်းကျင်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PDF-Pekhon က ဩဂုတ်လ (၁၅) ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၁၄) ရက်နေ့ နံနက် ၇ နာရီဝန်းကျင်မှာ ပင်လောင်းဖက်မှလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းနဲ့ PNO ပူးပေါင်းတပ်က ဖယ်ခုံမြို့နယ်အတွင်းရှိတဲ့ PDF တပ်ဖွဲ့များထံသို့ ဝင်ရောက်ကျူးကျော်ရန်မူပြီး စတင်တိုက်ခိုက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲက (၁၁) နာရီဝန်းကျင် ကြာမြှင့်ခဲ့တယ်လို့ သိရပါတယ်။

PDF ဖက်မှ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးရှိပြီး အကြမ်းဖက်စစ်ကောင်စီ ပူးပေါင်းတပ်ဖက်မှ ထိခိုက်ဒဏ်ရာရရှိမှု သေဆုံးမှု မသိရသေးပေမယ့် များပြားနိုင်တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က အောင်ပန်းဖက်မှ စစ်ကူထပ်ခေါ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဆိုပါတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဖယ်ခုံ)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒီမော့ဆို)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မိုးဗြဲ)၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တို့ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပါရှိပါတယ်။

တိုက်ပွဲကြောင့် Free Burma Ranger-Karenni Team မှ လွယ်ဟွဲကျေးရွာရှိ အမျိုးသမီးများနဲ့ ကလေးများကို ဘေးလွတ်ရာ ရွေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းမှာလည်း တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...