အကြမ်းဖက်စစ်ကောင်စီမှ ၁၅ နှစ်အရွယ် တစ်ဦးအပါအဝင် ဒေသခံလေးဦးကို ဖမ်းဆီးခေါ်ဆောင်သွား

အကြမ်းဖက်စစ်ကောင်စီမှ ၁၅ နှစ်အရွယ် တစ်ဦးအပါအဝင် ဒေသခံလေးဦးကို ဖမ်းဆီးခေါ်ဆောင်သွား

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ ရိက္ခာပြန်လာယူတဲ့ ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားလေးဦးကို ဩဂုတ်လ ၁၄ ရက်နေ့ နေ့ခင်းမှာ စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားသူများအနက် အသက် ၁၅ နှစ်အရွယ်တစ်ဦး၊ ၄၀ ဝန်းကျင်အရွယ် နှစ်ဦးနဲ့ အသက် ၅၆ နှစ်အရွယ် တစ်ဦးတို့ဖြစ်ကြပြီး အသက် ၁၅ နှစ်အရွယ်တစ်ဦးကိုတော့ ကြိုးတုတ်ပြီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“အခုက လေးယောက်အဖမ်းခံလိုက်ရတယ်ပေါ့ ဘယ်နားလဲဆိုတော့ ဒေါတကလဲရွာကပေါ့ ဒါပေမယ့် ဒေါတကလဲရွာဆိုပေမယ့် သူတို့ခေါ်တာက ဒေါတကလဲရွာကနေ ထီးဖိုးကလိုးအုပ်စုကို ဆင်းတဲ့ တောလမ်းတောင်ကြားလမ်းမှာ စစ်ကောင်စီ (စကစ) တွေက အဲ့လမ်းမှာစောင့်ပြီးဖမ်းတယ်။ စစ်ရှောင်ရတော့ တစ်ချို့ကလည်း စားနပ်ရိက္ခာပြန်လာယူတဲ့ချိန် အမျိုးသား ၄ယောက်လုံးပေါ့။ အဖမ်းခံလိုက်ရတယ်။ အဖမ်းခံလိုက်ရတဲ့အချိန် ၁နာရီဝန်းကျင်လို့ပြောတယ် ။၄ယောက်ထဲက တစ်ယောက်ကိုတော့ လူငယ်တစ်ယောက်ပါတယ် ၁၅ နှစ်အရွယ် တစ်ယောက်ပါသွားတယ်။ ပိုထူးဆန်းတာက အဲ့လူငယ်ကိုတော့ ကြိုးတုတ်ပြီးမှ ခေါ်သွားတယ်။ ခေါ်သွားတဲ့နေရာကတော့ ဒေါတဒါးတောင်ပေါ်တစ်ကြောပေါ့” လို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ဒီမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်း ၆ နာရီကျော်မှာ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားတာကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျေးရွာအထိ အင်အားတိုးချဲ့မှုလုပ်ဆောင်နေပြီး တိုက်ပွဲ အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်တဲ့အတွက် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူတွေ အိမ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။

 
 

 

 

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...